ကိုင်ရိုမြို့လယ် ပေါက်ကွဲမှုဖြစ်ခဲ့သည့်နေရာကို အီဂျစ်အာဏာပိုင်များ စုံစမ်းစစ်ဆေး

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့လယ်က ပေါက်ကွဲမှုတခုဖြစ်ခဲ့တဲ့နေရာကို အာဏာပိုင်တွေက ဖေဖော်ဝါရီ ၁၉ ရက်ကစပြီး စုံစမ်းနေပါတယ်။ စစ်သွေးကြွတဦး သယ်လာတဲ့ ဖောက်ခွဲရေးပစ္စည်းကို ဖြုတ်သိမ်းဖို့ ကြိုးစားနေချိန်မှာ ပေါက်ကွဲခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။ သောကြာနေ့က ကိုင်ရိုရဲကင်းတခုကို ချောင်းမြောင်းတိုက်ခိုက်ဖို့ ကြံစည်နေတဲ့ သံသယရှိသူကို ရဲဝန်ထမ်းတွေက စုံစမ်းရှာဖွေနေရင်း အဲဒီစစ်သွေးကြွကို ဖမ်းမိခဲ့တာလို့ အီဂျစ် ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီပေါက်ကွဲမှုကြောင့် ထိုင်းကျောင်းသားတဦး အပါအဝင် အရပ်သား သုံးဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ မြို့တော်ကိုင်ရိုဟာ ကြုံတောင့်ကြုံခဲ အကြမ်းဖက်တိုက်ခိုက်ခံရတာပါ။ ၂၀၁၈ ဒီဇင်ဘာမှာ ဂီဇာမြို့ လမ်းဘေးဗုံးပေါက်ကွဲမှုကြောင့် ဗီယက်နမ် ခရီးသွားသုံးဦးနဲ့ အီဂျစ်ဧည့်လမ်းညွှန်တဦး သေဆုံးခဲ့ပါတယ်။ အီဂျစ်ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ဆိုင်းနိုင်းကျွန်းဆွယ်ဒေသကို အဓိထားပြီး အစ္စလာမ္မစ် စစ်သွေးကြွတွေကို နှိမ်နင်းနေတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up