Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် ၆၅၀ ကျော်နေရပ်ပြန်
နော်နိုရင်း
·
February 20, 2019
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေက  အိမ်ထောင်စု ၁၇၀ ကျော် လူဦးရေ ၆၅၀ ကျော်တို့ ဒီကနေ့ ဖေဖော်ဝါရီ ၂၀ရက်ကစပြီး နှစ်နိုင်ငံအစိုးရရဲ့ သဘောတူညီချက်နဲ့ မြန်မာနိုင်ငံတွင်းကို ပြန်လည် ၀င်ရောက်ဖို့ရှိနေပါတယ်။ နေရပ်ပြန်မယ့်သူတွေဟာ မယ်လ၊ နို့ဖိုး၊ အုန်းဖျန်၊ မိုင်နန်းစွယ်နဲ့ ဘမ့်ဒုံယမ်း ဒုက္ခသည်စခန်းတွေက ဖြစ်တယ်လို့ ကရင်ဒုက္ခသည်စခန်းကော်မီတီတာဝန်ရှိသူတဦးဖြစ်တဲ့ နော်ဘလူးမင်းနိုက်ဇန်က ပြောပါတယ်။ “ကျမတို့ကို ယူအန်က ပေးထားတဲ့စာရင်းအား အကြမ်းဖြင့် အိမ်ထောင်စုပေါင်း ၁၇၃စု၊ လူဦးရေကတော့ ၆၅၇ ဦးရှိတယ်။ ဒါကတော့ ပြန်ဖို့စာရင်းပေးထားတဲ့သူတွေ ဖြစ်ပါတယ်။ တကယ့်တကယ်ပြန်တဲ့အခါကျရင်လည်း လူဦးရေ လျော့သွားနိုင်တယ်။” ထိုင်းနယ်စပ်ရှိ လူဦးရေအများဆုံး ဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လဒုက္ခသည်စခန်းမှာတော့ ပြန်ဖို့ စာရင်းပေးထားသူ အိမ်ထောင်စု ၃၁စု လူဦးရေ ၁၃၀ ကျော်ရှိတယ်လို့ မယ်လ ဒုက္ခသည်စခန်း ကော်မီတီဥက္ကဋ္ဌ စောအောနက်က ပြောပါတယ်။ “အခုတော့မထွက်ရသေးဘူး။ ၁၁ နာရီလောက်မှ ထွက်မယ်ထင်တယ်။ လူဦးရေကတော့ ၁၃၀ကျော်တယ်။ ” ထိုင်း-မြန်မာနယ်စပ် နို့ဖိုးဒုက္ခသည်စခန်းကနေ ဒုက္ခသည် အိမ်ထောင်စု ၁၉ စု၊ လူဦးရေ ၆၅ ဦးတို့ မြန်မာနိုင်ငံဘက်ကို အစိုးရရဲ့ အစီအစဉ်နဲ့ ၂၀၁၆ အောက်တိုဘာမှာ ပထမဆုံးအကြိမ် တရားဝင် ပြန်လည်ဝင်ရောက်ပါတယ်။ ၂၀၁၈ မေလ ၇ ရက်မှာတော့ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၅ ခုမှာ နေထိုင်တဲ့ အိမ်ထောင်စု ၂၈ စု၊ လူဦးရေ ၉၃ ဦးတို့ နှစ်နိုင်ငံအစိုးရရဲ့ သဘောတူညီချက်နဲ့ မြန်မာနိုင်ငံတွင်းကို ဒုတိယအသုတ်  ပြန်လည်ဝင်ရောက်လာပါတယ်။ ဒီကနေ့ ပြန်လည်ဝင်ရောက်မယ့်အဖွဲ့တွေကတော့ တတိယအသုတ်အဖြစ် ပြန်လည်ဝင်ရောက်လာကြမှာဖြစ်ပြီး မြ၀တီမြို့ ကျောက်လုံးကြီး ပြန်လည်ကြိုဆိုရေးစခန်းမှာ နေရာပြင်ဆင်ထားပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024