ပီအက်စ်ဂျီတိုက်စစ်မှူး နေမာ၏ အပြောင်းအရွှေ့သတင်းများ လှုပ်ခတ်

နေမာရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဘောလုံးမှာ ဘာမဆို ဖြစ်သွားနိုင်တယ်လို့ နေမာရဲ့ ဖခင်ဖြစ်သူက ပြောကြားလိုက်ပါတယ်။ ဘရာဇီးတိုက်စစ်မှူး နေမာဟာ ပြီးခဲ့တဲ့ ၂ နှစ်ကမှ ဘာစီလိုနာကနေ ပီအက်စ်ဂျီ အသင်းဆီကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီအသင်းမှာလည်း သူ့ရဲ့ အပြောင်းအရွှေ့သတင်းတွေ လှုပ်ခတ်နေတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ နေမာရဲ့ အေးဂျင့်ဖြစ်တဲ့အပြင် ဖခင်လည်းဖြစ်တဲ့ နေမာဆန်းတို့စ် စီနီယာကတော့ သူ့သား နေမာဟာ ပီအက်စ်ဂျီအသင်းမှာ ပျော်ရွှင်နေပေမယ့်လည်း ဘောလုံးမှာ အပြောင်းအလဲတွေ ဖြစ်နိုင်တယ်လို့ ပြောဆိုသွားခဲ့တာပါ။ တိုက်စစ်မှူး နေမာဟာ လက်ရှိအချိန်မှာ ခြေချောင်းရိုးကျိုးတဲ့ ဒဏ်ရာကြောင့် အနားယူနေရတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ နေမာနဲ့ ကာဗာနီ မပါဝင်နိုင်ခဲ့ပေမယ့်  ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ မန်ယူအသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့လို့ ကွာတားဖိုင်နယ်တက်ဖို့ အခြေအနေ ကောင်းနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up