ရာဇဝတ်ပြစ်မှုဆိုင်ရာ ဟောလိဝုဒ် အန်နီမေးရှင်း ဒရာမာရုပ်ရှင် – Ruben Brandt, Collector (နမူနာ)
Published By
DVB | 20 February, 2019
1.2K
0
Share
0
Comment
0
Likes
VIDEO
ထူးခြားတဲ့ ရာဇဝတ်ပြစ်မှုဆိုင်ရာ ဟောလိဝုဒ် အန်နီမေးရှင်း ဒရာမာရုပ်ရှင်ကားတကားဖြစ်တဲ့ Ruben Brandt, Collector ရုပ်ရှင်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကတည်းက နိုင်ငံတကာမှာ ရုံတင်ပြသနေပါတယ်။
ဒီကားကိုတော့ Sony Classics ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဆလိုဗေးနီးယား ရုပ်ရှင်ဒါရိုက်တာ Milorad Krstic က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
Ruben Brandt ဟာ ကျော်ကြားတဲ့ စိတ်ကုထုံး ပညာရှင်တယောက် ဖြစ်ပါတယ်။ သူဟာ ငယ်စဉ်ကတည်းက ဆိုးဝါးတဲ့ အိပ်မက်ဆိုးတွေ ခဏခဏမက်ပြီး ကမ္ဘာ့နာမည်ကျော် ပြတိုက်ကြီးတွေကနေ အနုပညာလက်ရာ ပန်းချီကား ၁၃ ကားကို ခိုးယူဖို့ ဖိအားပေးခံရတယ်။
သူ့ရဲ့ကုထုံးနဲ့ ကုသခံရတဲ့ လူနာတွေထဲမှာလည်း နာမည်ကျော် စောရတွေ ပါဝင်နေပြီး ဒီပြစ်မှုတွေ ကျူးလွန်လာတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ။ Ruben Brandt ဟာ သက်ဆိုင်ရာက အလိုအရှိဆုံး ရာဇဝတ်ပြစ်မှု ကျူးလွန်သူတယောက် ဖြစ်လာချိန်မှာ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ ဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာပါ။
ဒီကားထဲမှာတော့ ဟန်ဂေရီ သရုပ်ဆောင်မင်းသား Ivan Kamaras က Ruben Brandt အနေနဲ့ ခေါင်းဆောင်ပါဝင်ထားပြီး တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ Csaba Marton၊ Gabriella Hamori၊ Katalin Dombi စတဲ့ သရုပ်ဆောင်တွေ အများကြီးက အသံနဲ့ ပါဝင်သရုပ်ဆောင်ထားခဲ့ကြတာ ဖြစ်ပါတယ်။
ဒီကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။
ကြာမြင့်ချိန် ၉၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ နာမည်ကြီး ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပြီး ချီးကျူးမှုတွေလည်း ရရှိထားပြီး IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 7.9 အထိ ရရှိထားတာ ဖြစ်ပါတယ်။