Homeမြန်မာသတင်း
ပြည်မြို့တွင်မီးလောင်ပြီး ဆိုင်ခန်း ၆ ခန်းမီးထဲပါသွား၊ မီးသတ်တပ်ဖွဲ့ဝင် ၄ ဦးအောက်စီဂျင်ပြတ်
ပြည်မြို့တွင်မီးလောင်ပြီး ဆိုင်ခန်း ၆ ခန်းမီးထဲပါသွား၊ မီးသတ်တပ်ဖွဲ့ဝင် ၄ ဦးအောက်စီဂျင်ပြတ်
မင်းညို
·
February 19, 2019
ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ ဖေဖော်ဝါရီ ၁၉ ရက် မနက် ၃ နာရီကျော်လောက်က မီးလောင်မှုဖြစ်ပွားပြီး ဆိုင်ခန်း ၆ ခန်းမီးထဲ ပါသွားပါတယ်။
ပြည်-အောင်လံ ကားလမ်းဘေး၊ ပြည်သာယာရပ်ကွက်မှာရှိတဲ့ ဆိုင် ၆ ဆိုင်တွဲ မီးလောင်ခဲ့တာလို့ မီးစတင်လောင်တာကို အရင်ဆုံးသတင်းပို့ခဲ့တဲ့ ပိတောက်မြိုင်ရိပ်သာက ညစောင့်ဝန်ထမ်း ဦးမြင့်အောင်ကပြောပါတယ်။
မီးလောင်မှုကြောင့် ဖုန်းဆိုင်တဆိုင်၊ ဆိုင်ကယ်အရောင်းဆိုင်တဆိုင်၊ ဆိုင်ကယ်ဝပ်ရှော့ တခုနဲ့ တာရာဆိုင်တဆိုင်ပါမီးထဲပါသွားခဲ့ပါတယ်။
မီးလောင်မှုကို ပြည်ခရိုင်မီးသတ်တပ်ဖွဲ့က မီးငြှိမ်းသတ်ခဲ့ရာမှာ ၁ နာရီလောက်အကြာမှာ မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် ၄ ဦးအောက်စီဂျင်ပြတ်သွားလို့ ကုသပေးခဲ့ရတယ်လို့ မိုးမေတ္တာပရဟိတအဖွဲ့က သိရပါတယ်။
မီးဘယ်ကစတင်လောင်ကျွမ်းတယ်ဆိုတာနဲ့ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို တွက်ချက်လို့ မရနိုင်သေးဘူးလို့ ပြည်ခရိုင်မီးသတ်တပ်ဖွဲ့ ခရိုင်မီးသတ်ဦးစီးမှူး ဦးအေးကျော်က ပြောပါတယ်။