Home
ရုပျသံ
မလေးဒါရိုက်တာ ရိုက်ကူးပြီး မြင့်မြတ်နှင့် ၀တ်မှုန်ရွှေရည်ပါဝင်သည့် မြန်မာရုပ်ရှင်-Hero ဟီးရိုး(နမူနာ)
DVB
·
February 19, 2019
နာမည်ကြီး သရုပ်ဆောင် မြင့်မြတ်နဲ့ ၀တ်မှုန်ရွှေရည်တို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ မြန်မာရုပ်ရှင်ကား Hero ဟီးရိုးကို လာမယ့် ဖေဖော်ဝါရီ ၂၂ ရက်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ်ပြီး အောင်နိုင်ရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို မလေးရှား ရုပ်ရှင်ဒါရိုက်တာ Perakas Rajaram က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာ Perakas Rajaram ဟာ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Tamil စကားပြော ရုပ်ရှင်ကားတကားဖြစ်တဲ့ Vennira Iravuggal ရုပ်ရှင်ကားနဲ့ ဒါရိုက်တာဆု အပါအ၀င် တခြား ရုပ်ရှင်ထူးချွန်ဆုတွေ ရရှိထားသူဖြစ်ပါတယ်။ အဲဒီကားက မလေးရှား၊ စင်ကာပူနဲ့ မြန်မာနိုင်ငံတွေမှာ ဇာတ်အိမ်တည်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာတော့ သူဟာ မြန်မာသရုပ်ဆောင်တွေ၊ ထုတ်လုပ်သူတွေနဲ့ ရိုက်ကူးမှုတွေ လုပ်နေပြီး မနှစ်က ရုံတင်ပြသခဲ့တဲ့ တစ္ဆေပါလာပြီ ရုပ်ရှင်ကားကလည်း သူရိုက်ကူးခဲ့တဲ့ ဇာတ်ကား ဖြစ်ပါတယ်။ Hero ဟီးရိုး ကားထဲမှာတော့ မြန်မာနာမည်ကြီး သရုပ်ဆောင် မင်းသားမင်းသမီး ၂ ဦးဖြစ်တဲ့ မြင့်မြတ်နဲ့ ၀တ်မှုန်ရွှေရည်တို့က ခေါင်းဆောင် ပါဝင်ထားကြပြီး ဇင်ဝိုင်း၊ ခင် လှိုင်၊ နေနော်နဲ့ တခြားသရုပ်ဆောင်တွေလည်းပါဝင်ထားကြကာ အချစ်၊ အလွမ်း၊ ဒရာ မာပုံစံ ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ ဒီရုပ်ရှင်ကားဟာ ၀င်ရောက်ကြည့်ရှုတဲ့ အကြိမ်ရေ ၈ သိန်းကျော်ရှိနေခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024