ဇန်နဝါရီလအတွင်း အမြန်လမ်း၌ ယာဉ်မတော်တဆမှု ၄၀ ကျော်ဖြစ်ပွား၊ ၅ ဦးသေဆုံး
DVB
·
February 19, 2019
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ယာဉ်မတော်တဆမှု ၄၀ ကျော်ဖြစ်ပြီး ၅ ယောက်သေဆုံးသွားတယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၁ ရက်ကနေ ၃၁ ရက်အထိ ယာဉ်မတော်တဆ ၄၃ မှု ကြောင့် ၅၉ ယောက် ဒဏ်ရာရခဲ့ပြီး အမျိုးသမီး တယောက်အပါအဝင် ၅ ယောက် သေဆုံးခဲ့ပါတယ်။
ဒါဟာ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ရဲ့ စီမံခန့်ခွဲခွင့်နယ်မြေဖြစ်တဲ့ မိုင်တိုင် ၀ ကနေ ၃၅၂ မိုင် ၆ ဖာလုံအထိထဲမှာ ဖြစ်ခဲ့တာပါ။
အမြန်လမ်းမှာ ၂၀၁၈ ခုနှစ်က ယာဉ်မတော်တဆမှုပေါင်း ၄၀၀ ကျော်ဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ၄ နှစ်အတွင်း ယာဉ်မတော်တဆတွေကြောင့် လူ ၅၀၀ ကျော် သေဆုံးခဲ့ပါတယ်။