Live
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်ဆုံးဖြတ်
DVB
·
February 19, 2019
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ၄၅ဦးနဲ့ ဖွဲ့စည်းတာဝန်ပေးဖို့ ထောက်ခံမဲ အများစုနဲ့ ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၉ရက်မနက်က ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲရာမှာ ထောက်ခံမဲ ၃၈၉ မဲ၊ ကန့်ကွက်မဲ ၁၉၂ မဲ၊ ကြားနေမဲ ၃မဲ ရှိခဲ့တဲ့အတွက် ထောက်ခံမဲ အများစုနဲ့ အတည်ပြု လိုက်တာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ အဖွဲ့ဝင် ၄၅ ယောက်ပါဝင်ပြီး အန်အယ်လ်ဒီက ၁၉ ယောက်၊ တပ်မတော်သား ကိုယ်စားလှယ် ၈ ယောက်ပါဝင် နိုင်ငံရေးပါတီ ၁၄ ခုက ကိုယ်စားလှယ်တွေနဲ့ အချိုးကျ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အန်အယ်ဒီပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် တင်သွင်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းတွေ ဆောလျင်စွာဆောင်ရွက်နိုင်ဖို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီတရပ်ကို သင့်လျော်တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းဖို့ အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြီးနောက် ကော်မတီဖွဲ့စည်းရေး ဆက်လက်ဆောင်ရွက်တာဖြစ်ပါတယ်။ ဒါ့အပြင်ကြံ့ခိုင်ရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းအပါအ၀င် ၁၄၃ ဦးက လက်မှတ်ရေးထိုးတင်ပြထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကိုလည်း လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမယ်လို့  ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်နာယက ကြေညာခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024