စိုင်းစိုင်းခမ်းလှိုင် လှူဒါန်းသည့် တောင်ကြီးအ.ထ.က ကလေးကစားကွင်း ဖွင့်လှစ်
DVB
·
February 18, 2019
ပညာရေးမူဝါဒသစ်အရ ကလေးတွေ ကျောင်းအတွင်း လုံလုံခြုံခြုံ ပညာသင်ပြီး ကစားလို့ရအောင် ရုပ်ရှင်သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင် လှူဒါန်းတဲ့ တောင်ကြီးမြို့ အ.ထ.က ၁ ကျောင်းကို ဖေဖော်ဝါရီ ၁၈ ရက်က ဖွင့်လှစ်လိုက်ပါတယ်။
အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ သူတက်ခဲ့တဲ့ကျောင်းတွေကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ မတည်ငွေလှူဒါန်းပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။
တောင်ကြီးမြို့နယ်မှာ KG မူလတန်း အဆင့်ကစားကွင်းကို အ.ထ.က (၁) နဲ့ အ.ထ.က (၂ ) နှစ်ကျောင်းသာရှိသေးပြီး နိုင်ငံတော် ဘတ်ဂျက်နဲ့ ပြုလုပ်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
ရှမ်းပြည်နယ်အပါအ၀င် နိုင်ငံတ၀န်းမှာ ကလေးတွေ ဉာဏ်ရည်ဖွံ့ဖြိုးဖို့ လွတ်လွတ်လပ်လပ် ကစားနိုင်ဖို့ ကစားကွင်းတွေ လိုအပ်ကြောင်းသိရပါတယ်။
ခွန်ရာဇာ