နာရီပေါင်းများစွာ ရေမြောင်းထဲ ပိတ်မိနေသည့် မွေးစကလေးအား ကယ်တင် (ရုပ်သံ)

ရေမြောင်းထဲမှာ နာရီပေါင်းများစွာ ပိတ်မိနေတဲ့ မွေးကင်းစကလေးငယ်တဦးကို တောင်အာဖရိကနိုင်ငံက ကယ်ဆယ်ရေးသမားတွေ အချိန်မီ ကယ်တင်နိုင်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်လာပါတယ်။ ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ရေမြောင်းထဲ ပိတ်မိနေသူလေးကတော့ မိန်းကလေးပါ။ ဒီဖြစ်စဉ်အကြောင်း ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်ကို ဒေသတွင်း သတင်းထောက်တဦးက လူမှုကွန်ရက်ပေါ် တင်ခဲ့တာဖြစ်ပါတယ်။ ဒီကလေးငယ်ကို ရေမြောင်းထဲက ကယ်တင်ပြီးပြီးချင်းမှာ သူမကို ရဟတ်ယာဉ်နဲ့ အဲဘတ်လူသူလီ ဆေးရုံကို ခေါ်ဆောင်သွားခဲ့တာ တွေ့ခဲ့ရပြီး အဲဒီကနေတဆင့် သူမကို တခြား ကျန်းမာရေးစင်တာတခုကို ထပ်မံရွှေ့ပြောင်းခဲ့တယ်လို့ သိရပါတယ်။ ဒီကလေးငယ်ဟာ ရေမြောင်းထဲမှာ အချိန်အတန်ကြာ ပိတ်မိခဲ့ပေမယ့် ကိုယ်အပူချိန် ကျဆင်းခြင်းနဲ့ တခြား အသေးစားဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့တယ်လို့လည်း ဒီဖြစ်ရပ်ကို ရိုက်ကူးခဲ့တဲ့ ဒေသတွင်း သတင်းထောက်ဖြစ်သူ ဘာနာဒတ်တီဝင့်စ်က ပြောပါတယ်။ ဖြတ်သွားဖြတ်လာတဦးက ကလေးငိုသံကြားလို့ ရေမြောင်းအဖုံးကို ဖွင့်ကြည့်ခဲ့ရာမှ ဒီကလေးမလေးကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး သူဘယ်လိုဖြစ်ပြီး ရေမြောင်းထဲရောက်နေလဲ ဆိုတာကိုတော့ အခုထိ မသိရသေးပါဘူး။ ဒါပေမယ့် ဒီကိစ္စကို တောင်အာဖရိက အာဏာပိုင်တွေက လူသတ်ရန်ကြံစည်မှုအဖြစ် အမှုဖွင့်ထားပြီး ကလေးရဲ့ မိဘတွေကိုလည်း ရှာဖွေနေတယ်လို့ သိရပါတယ်။ ကလေးကို ကယ်ဆယ်ချိန်မှာ အနီးအနားမှာ နေထိုင်တဲ့ ဒေသခံတွေက ကလေးအပေါ် မြေကြီးတွေ မပိသွားစေဖို့ သူတို့တတ်နိုင်သလောက် ပါဝင်ကူညီခဲ့ကြတယ်လို့လည်း ဝင့်စ်က ဆက်လက်ပြောကြားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up