မြန်အောင်တွင် အင်အား ၄.၄ အဆင့်ရှိ မြေငလျင် လှုပ်ခတ်
DVB
·
February 18, 2019
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့မှာ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၄ နာရီ၊ ၅၂ မိနစ်၊ ၅၈ စက္ကန့်အချိန်က ဂွမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၅၃ မိုင်လောက်ကွာဝေးတဲ့ မြန်အောင်မြို့ရဲ့ အနောက်ဘက် ၃ မိုင်လောက်အကွာ မြောက်လတ္တီတွဒ် ၁၈.၂၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၉၇ ဒီဂရီ၊ အနက် ၄၁ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၄ အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။