ဝုဗ်၊ ပဲလေ့စ်နှင့် ဆွမ်ဆီးအသင်းတို့ အက်ဖ်အေဖလား ကွာတားတက် (ရုပ်သံဟိုက်လိုက်)

ဓာတ်ပုံ - Getty
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အက်ဖ်အေဖလား ပွဲစဉ်တွေမှာ ဝုဗ်ဗာဟမ်တန်၊ ခရစ္စတယ်ပဲလေ့စ်နဲ့ ဆွမ်ဆီးအသင်းတို့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို အသီးသီး တက်ရောက်သွားပါတယ်။ ဝုဗ်က အဝေးကွင်းမှာ ဘရစ္စတိုးအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အနိုင်ဂိုးကိုတော့ ပွဲချိန် ၂၈ မိနစ်မှာ အိုင်ဗန်က သွင်းယူခဲ့တာပါ။ ပဲလေ့စ်ကလည်း အဝေးကွင်းမှာ ဒွန်ချက်စတာကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၈ မိနစ်နဲ့ ၄၅ မိနစ်တွေမှာ ဂျက်ဖရိုင်နဲ့ မိုင်ရာတို့က သွင်းယူခဲ့တာပါ။ ဆွမ်ဆီးအသင်းကတော့ အိမ်ကွင်းမှာ ဘရန်းဖို့အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိသွားပါတယ်။ ဧည့်သည်အသင်းက ပွဲချိန် ၂၈ မိနစ်မှာ အိုလ်လိုင်းက ဦးဆောင်ဂိုး အရင်သွင်းယူခဲ့တာပါ။ ဆွမ်ဆီးအတွက် အနိုင်ဂိုးတွေကိုတော့ ၄၉ မိနစ်မှာ ဘရန်းဖို့အသင်းက ဒန်နီးလ် ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာပါ။ ကျန်တဲ့ဂိုးတွေကိုတော့ ပွဲချိန် ၅၃၊ ၆၆ နဲ့ မိနစ် ၉၀ တွေမှာ ဂျိမ်း၊ ဆီလီနာနဲ့ ဘိုင်ရာတို့က အသီးသီးသွင်းယူခဲ့ကြတာပါ။ အက်ဖ်အေဖလားမှာ မန်စီးတီး၊ ဝတ်ဖို့ဒ်၊ ဘရိုက်တန်၊ မီလ်ဝေါလ်၊ ဝုဗ်ဗာဟမ်တန်၊ ခရစ္စတယ်ပဲလေ့စ်နဲ့ ဆွမ်ဆီးအသင်းတို့ ကွာတားဖိုင်နယ်ကို အသီးသီး တက်ရောက်သွားပါတယ်။ အက်ဖ်အေဖလား နောက်ဆုံးပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက်အစောပိုင်း ၂ နာရီမှာတော့ ပရီးမီးယားလိဂ် ထိပ်သီးနှစ်သင်းဖြစ်တဲ့ ချဲလ်ဆီးနဲ့ မန်ယူတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up