ဂျပန်ပင့်ကူဂဏန်း အခွံလဲသည့် ကြုံတောင့်ကြံခဲဖြစ်စဉ် (ရုပ်သံ)

ဂျပန်ပင့်ကူ ဂဏန်းတကောင် အခွံလဲတဲ့ ကြုံတောင့်ကြံခဲဖြစ်စဉ်တခုကို ဆန်ဒီယေဂိုမှာရှိတဲ့ San Diego SeaWorld က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ စက္ကန့်သုံးဆယ်သာ ကြာမြင့်တဲ့ ဒီဗွီဒီိယိုဖိုင်ဟာ ခြောက်နာရီကြာမြင့်တဲ့ ဂဏန်းအခွံလဲတဲ့ဖြစ်စဉ်ကို အကျဉ်းချုံးဖော်ပြထားပြီး ဒီဗွီဒီယိုဖိုင်က ကြည့်ရှုသူတွေကို အံ့သြမင်သက်သွားစေခဲ့ပါတယ်။ ဒီဗွီဒီယိုဖိုင်မှာဆိုရင် အခွံခေါင်းကို ခွာချခဲ့ပြီးနောက် အခွံအသစ်နဲ့ ဂဏန်းဟာ သူနေထိုင်ရာ ရေကန်ထဲမှာ လှည့်လည်သွားလာနေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဂျပန်ပင့်ကူဂဏန်းတွေဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဂဏန်းတွေအဖြစ် သတ်မှတ်ခံထားရပြီး သူတို့ရဲ့ အခွံလဲမှုကတော့ သူတိုရဲ့ ကြီးထွားမှုနဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ ကြီးထွားမှုဟာ သူတို့ရဲ့စားသောက်မှုနဲ့ သက်ဆိုင်ပြီးတော့ အခွံလဲမှုက ဂဏန်းကို ပိုမိုကြီးထွားလာစေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up