အင်ဒိုနီးရှားတွင် Lion Air ခရီးသည်တင်လေယာဉ် ပြေးလမ်းချော်

876
Lion Air လေကြောင်းလိုင်း ခရီးသည်တင် လေယာဉ်တစီးဟာ ဖေဖော်ဝါရီ ၁၆ ရက်က အင်ဒိုနီးရှားနိုင်ငံ ဘော်နီယို ကျွန်းပေါ်က လေဆိပ်မှာ မိုးကြီးတာကြောင့် လေယာဉ်ပြေးလမ်း ချော်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ လေကြောင်းလိုင်းက ပြောပါတယ်။
လေယာဉ်ဟာ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၁၈၉ ယောက်ကို တင်ဆောင်ပြီး ဂျကာတာ ပွန်တီယာနခ် ခရီးစဉ်ကို ပြေးဆွဲခဲ့တာလို့ Lion Air ရဲ့ ပြောခွင့်ရက ကြေညာချက်ထုတ်ပြန်ပါတယ်။
ဘိုးရင်း 737-800NG လေယာဉ်ဟာ ဆူပါဒိယို နိုင်ငံတကာ လေဆိပ်မှာ ဆင်းဖို့ကြိုးစားရင်း လမ်းချော်ခဲ့တာပါ။ ဒီဖြစ်ရပ်ကြောင့် လေယာဉ်ပြေးလမ်းကို ယာယီပိတ်ခဲ့ရပါတယ်။
လေဆိပ် တာဝန်ခံတွေနဲ့ အင်ဒိုနီးရှား လေကြောင်းထိန်းချုပ်ရေးအဖွဲ့ အဲရ်နာ့ဗ်တို့က မှတ်ချက် ပေးဖို့ တောင်းဆိုချက်ကို မတုံ့ပြန်သေးပါဘူး။
အင်ဒိုနီးရှား လေကြောင်းဈေးကွက်မှာ ဦးဆောင်သူ ထိပ်တန်းလေကြောင်းလိုင်း ဖြစ်တဲ့ Lion Air ဟာ အောက်တိုဘာတုန်းကလည်း လေယာဉ်တစီး ပျက်ကျခဲ့ဖူးပါတယ်။