Home
အနုပညာ
သရဖူ တောင်သူပွဲတော်ကို တက်ရောက်လာသည့် သရုပ်ဆောင် သင်ဇာဝင့်ကျော် (ဓာတ်ပုံ)
DVB
·
February 17, 2019
သရဖူတောင်သူပွဲတော်ကို မုံရွာမြို့ မြို့တော်ခန်းမမှာ ဒီနေ့ မနက် ၉ နာရီကနေ ည ၉ နာရီခွဲအထိ ကျင်းပနေပါတယ်။ တူယှဉ်နွှဲပျော် သရဖူတောင်သူပွဲတော်ကို သရဖူစိုးမြင့် ကုမ္ပဏီလိမိတက်ကနေ ကျင်းပတာဖြစ်ပြီး နိုင်ငံကျော်တေးသံရှင်တွေဖြစ်တဲ့ R ဇာနည်၊ မိစန္ဒီ၊ ဝိုင်းစုခိုင်သိန်း၊ ဖြိုးပြည့်စုံ၊ G Latt၊ အစီအစဉ်တင်ဆက်သူ ဆန်းထွဋ်တို့နဲ့အတူ သရုပ်ဆောင် သင်ဇာဝင့်ကျော်လည်း တက်ရောက်ခဲ့ကြပါတယ်။ ဝတ်စားဆင်ယင်ပုံကြောင့် လူပြောများ ကျော်ကြားနေတဲ့ သင်ဇာဝင့်ကျော်ကို လာရောက် ကြည့်ရှုသူတွေနဲ့လည်း စည်ကားခဲ့ပါတယ်။ သရဖူတောင်သူပွဲတော်မှာ ကံစမ်းမဲအစီအစဉ်တွေ၊ မျက်လှည့်အစီအစဉ်တွေ၊ ဖျော်ဖြေရေး အစီအစဉ်တွေလည်း ပါဝင်ခဲ့ပြီး တိုင်းအစိုးရအဖွဲ့ဝင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ တောင်သူတွေ၊ ဖိတ်ကြားထားသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024