မြန်မာ့ ယူ၁၆ အမျိုးသမီးအသင်းနှင့် သြစတြေးလျ ယူ ၁၇ အသင်းတို့ ယနေ့ညနေ ယှဉ်ပြိုင်မည်

782
မြန်မာ့လက်ရွေးစင် ယူ၁၆ အမျိုးသမီးအသင်းဟာ သြစတြေးလျ ယူ၁၇ အမျိုးသမီးအသင်းနဲ့ ခြေစမ်းပွဲကို Gold Coast Knights FC Stadium မှာ ဒေသစံတော်ချိန် ဒီနေ့ညနေ ၆ နာခွဲ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။
မြန်မာ့အမျိုးသမီးအသင်းဟာ အာရှအမျိုးသမီး ယူ၁၆ ပြိုင်ပွဲခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ သြစတြေးလျမှာ သွားရောက်လေ့ကျင့်နေတာပါ။
သြစတြေးလျနိုင်ငံ Gold Coast Sports Super Center မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေပိုင်းကလည်း လေ့ကျင့်ရေးအစီအစဉ်ကို ပြုလုပ်ခဲ့တယ်လို့ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။
မြန်မာယူ ၁၆ အမျိုးသမီးအသင်းဟာ ဖေဖော်ဝါရီ ၁၅ ရက်နေ့ ညနေပိုင်းကလည်း သြစတြေးလျ ယူ ၁၇ လက်ရွေးစင် အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ ၄-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
မြန်မာအသင်းဟာ အာရှအမျိုးသမီး ယူ၁၆ ပြိုင်ပွဲ ခြေစစ်ပွဲ ဒုတိယအဆင့်ကို လာအိုနိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ရမှာပါ။