ဗင်နီဇွဲလား အစိုးရအဖွဲ့နှင့် အတိုက်အခံအဖွဲ့ ညှိနှိုင်းမှုများ ပြုလုပ်နေ

ဗင်နီဇွဲလား အစိုးရအဖွဲ့ အကြီးတန်း အရာရှိတွေနဲ့ စစ်ဘက်ပုဂ္ဂိုလ်အများစုဟာ ဟွမ်ဂွယ်ဒို ဦးဆောင်တဲ့ အတိုက်အခံအဖွဲ့နဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဂျွန်ဘော်တန်က ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြောပါတယ်။ အမေရိကန်ဟာ ဗင်နီဇွဲလား စစ်ဘက်တာဝန်ရှိသူတွေနဲ့ တိုက်ရိုက်ဆက်သွယ်ပြိး မာဒူရိုကို ဖယ်ရှားဖို့ တိုက်တွန်းခဲ့တယ်လို့ အမေရိကန် အကြီးတန်းအရာရှိတွေက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောခဲ့ပါတယ်။ ဒါ့အပြင် ရုရှား၊ တရုတ်အစိုးရတို့နဲ့လည်း လျို့ဝှက်ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ဘော်တန်က ပြောပါတယ်။ ဗင်နီဇွဲလားနဲ့ ရေနံအရောင်းအ၀ယ် အများအပြားလုပ်ဆောင်တဲ့ နှစ်နိုင်ငံစလုံးကို  သူတို့ရပ်တည်ချက်နဲ့ ပတ်သက်လို့ ပြန်လည်သုံးသပ်ဖို့ အကြံပြုပြီး မာဒူရိုအပေါ် ကူညီနေတာကို ဟွမ်ဂွယ်ဒိုအစိုးရက လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးလို့ ဂျွန်ဘော်တန်က ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up