မန်စီးတီးက နယူးပို့ကောင်တီကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားသွားတဲ့  အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်မှာ အသင်းကြီး မန်စီးတီးက နယူးပို့ကောင်တီအသင်းကို ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိသွားပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ နယူးပို့ကောင်တီအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတာဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှုမှာ မန်စီးတီးအသင်းက ၇၇ ရာခိုင်နှုန်းအထိ အပြတ်အသတ် အသာစီးယူကစားနိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ဒုတိယပိုင်း ၅၁ မိနစ်မှာ ဆာနေးက ၁ ဂိုး၊ ၇၅ နဲ့ ၈၉ မိနစ်မှာ ဖိုဒမ်က ၂ ဂိုး၊ မိနစ် ၉၀ မှာ မာရက်ဇ်က ၁ ဂိုး သွင်းယူခဲ့တာပါ။ နယူးပို့ကောင်တီအသင်းရဲ့ တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၈၈ မိနစ်မှာ အေမွန်ဒ်က သွင်းယူခဲ့တာပါ။ အက်ဖ်အေဖလား တခြားပွဲစဉ်တွေမှာတော့ ဘရိုင်တန်က ဒါဘီကောင်တီကို ၂-၁ ဂိုး၊ မီဝေါက ၀င်ဘယ်လ်ဒန်အသင်းကို ၁-၀ ဂိုးတို့နဲ့ အသီးသီး အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ အက်ဖ်အေဖလား ပဉ္စမအဆင့် ချဲလ်ဆီးနဲ့ မန်ယူအသင်းတို့ရဲ့ ပွဲစဉ်ကိုတော့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက်အစောပိုင်း ၂ နာရီ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up