Home
မြန်မာသတင်း
တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ဒုရဲအုပ် စိုးမောင်မောင် ဈာပနအခမ်းအနားကျင်းပ (ရုပ်သံ)
DVB
·
February 16, 2019
ရခိုင်ပြည်နယ် မောင်ေ​တာမြို့နယ်​​မြောက်​ပိုင်း သုပဏ္ဏကကျေးရွာအနီးမှာ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ARSA အဖွဲ့တို့ တိုက်​ပွဲအတွင်း ကျဆုံးသွားတဲ့ ဒုရဲအုပ်​စိုး​မောင်​​မောင်​ရဲ့ ဈာပနအခမ်းအနားကို ​မောင်​​တောသုသာန်​မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ ဖေ​ဖော်​ဝါရီလ ၁၄ ရက်​ မနက်​အာရုံတက်ချိန်မှာ နယ်​ခြား​စောင့်​ရဲတပ်​ဖွဲခွဲ ၅ က ဒုရဲအုပ်​စိုး​မောင်​​မောင်​ ဦးစီးတဲ့ ၁၀ ဦးအဖွဲ့ဟာ ကာလာဒေ့ဘက်​ကျေးရွာအုပ်စု ​အောင်သပြေနဲ့ သုပဏ္ဏကကြား ကင်းပုန်းဝပ်​​နေတုန်း ARSA အဖွဲ့ဘက်က အင်​အား ၃၀ လောက် ချဉ်းကပ်​လာတဲ့အတွက် တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ တိုက်​ပွဲမှာ ဒုရဲအုပ်​စိုး​မောင်​​မောင်​​ ကျည်​ထိမှန်လို့ ကျဆုံးသွား​ခဲ့သလို ARSA ဘက်က ၁၅ ဦးလောက် ကျဆုံးခဲ့တယ်လို့ သုပဏ္ဏက​ ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဇော်​၀င်းထွန်းက​ ပြောပါတယ်​။ ဒုရဲအုပ်​စိုး​မောင်​​မောင်ဟာ​ ရှမ်းပြည်​နယ်​ ညောင်​​ရွှေမြို့ကဖြစ်​ပြီး သားသမီး ၄ ဦး ကျန်​ခဲ့​ပြီး မိသားစုဝင်​တွေလည်း ရောက်​ရှိေ​ကြာင်း သိရပါတယ်​။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024