ဇင်ဘာဘွေ ရွှေတွင်းရေလွှမ်းမှု အရေးပေါ်ကြေညာ၊ ပိတ်မိလုပ်သား ၇ဝ ရှာတွေ့ရေး မျှော်လင့်ချက် မှေးမှိန်

An artisanal miner stands near a shaft as retrieval efforts proceed for trapped illegal gold miners in Kadoma, Zimbabwe, February 15, 2019, REUTERS/Philimon Bulawayo
1.1K
ဇင်ဘာဘွေ ရွှေတွင်းရေလွှမ်းမှုကို အစိုးရက အရေးပေါ် အခြေအနေ ကြေညာပြီးနောက်မှာ ပိတ်မိနေတဲ့ တရားမ၀င် ရွှေတူးလုပ်သား ၇၀ ရှာတွေ့ရေး မျှော်လင့်ချက်တွေ မှေးမှိန်သွားတယ်လို့ မိသားစုဝင်တွေက ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ပြောကြားပါတယ်။
မြို့တော် ဟာရာရေး အနောက်ဘက် ၁၇၅ ကီလိုမီတာအကွာမှာ ရှိတဲ့ ရွှေတွင်း တစ်ခုဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့က အနီးရှိ ဆည်တခု ကျိုးပေါက်ပြီး ရွှေတွင်း ရေလွှမ်းခဲ့ပါတယ်။
ကယ်ဆယ်ရေးသမားတွေက ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ရွှေတူးလုပ်သားတွေကို ကယ်ထုတ်နိုင်မယ်လို့ မျှော်လင့်ထားပေမယ့် တွင်းတွေနဲ့ ဥမင်ထဲရှိ ရေတွေကြောင့် ကယ်ဆယ်ရေး လုပ်ငန်း ကြန့်ကြာနေပါတယ်။
ဒီအတွက် ရွှေတူးလုပ်သား မိသားစုဝင်တွေ စိတ်ပျက်နေကြပါတယ်။ ဒီဖြစ်ရပ်ဟာ တရားမ၀င် ရွှေတူးလုပ်သားတွေကြုံတွေ့ရတဲ့ လုံခြုံရေးပိုင်း လျော့ရဲမှုတွေကို မီးမောင်းထိုးပြနေပါတယ်။
ပြီးခဲ့တဲ့နှစ်က ဇင်ဘာဘွေဟာ စံချိန်တင် ရွှေတုံးရွှေခဲ ၃၃ တန် ထွက်ရှိပြီး အဲဒီထွက်ရှိမှုမှာ တရားမ၀င် ရွှေတူးသူတွေရဲ့ အခန်းကဏ္ဍ အဓိက ပါဝင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထား ပါတယ်။