ကားဗုံးခွဲမှု အိန္ဒိယ၏ စွပ်စွဲချက်ကို ပါကစ္စတန် ငြင်းဆို

Vehicles set alight by demonstrators are pictured during a protest against the attack on a bus that killed 44 Central Reserve Police Force (CRPF) personnel in south Kashmir on Thursday, in Jammu February 15, 2019. REUTERS/Mukesh Gupta
ကတ်ရှ်မီးယား ကားဗုံးခွဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အိန္ဒိယ၀န်ကြီးချုပ် မိုဒီရဲ့ စွဲစွဲချက်ကို ပါကစ္စဘက်က ငြင်းဆိုလိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက်က အိန္ဒိယရဲတပ်ဖွဲ့ဝင် ၄၄ ဦးသေဆုံးခဲ့ရတဲ့ ကတ်ရှ်မီးယား ကားဗုံးခွဲတိုက်ခိုက်မှုအတွက် ပါကစ္စတန်ကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ ၀န်ကြီးချုပ် မိုဒီက ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ပြောခဲ့တာပါ။ အိန္ဒိယ၀န်ကြီးချုပ်က ပါကစ္စတန်ကို စွပ်စွဲခဲ့ပြီးနောက် ပါကစ္စတန် နိုင်ငံခြားရေးရုံးက အိန္ဒိယရဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ စာရေးသားပေးပို့ခဲ့ပြီး မဟာမင်းကြီး မရှိတဲ့အတွက် ဒုတိယ မဟာမင်းကြီး ဂေါ်ရက်ဗ်အလူဝါလီယာကို ဆင့်ခေါ်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒီတိုက်ခိုက်မှုမှာ ပါကစ္စတန် ပါဝင်ပတ်သက်ကြောင်း  မငြင်းနိုင်တဲ့ အထောက် အထားရှိတယ်လို့ အိန္ဒိယအစိုးရက ပြောကြားပါတယ်။ အဲဒီ ပြောကြားချက်ကို ပါကစ္စတန်အစိုးရက ချက်ချင်းငြင်းဆိုခဲ့တာလို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up