ကွန်ဂရက် သဘောတူညီချက်မပါဘဲ သမ္မတထရမ့် အရေးပေါ်အခြေအနေကြေညာ

အမေရိကန် ကွန်ဂရက် သဘောတူညီချက်မပါဘဲ နယ်စပ်တံတိုင်းတည်ဆောက်ရေး ရန်ပုံငွေရဖို့အတွက် ဖေဖော်ဝါရီ ၁၅ ရက်နေ့က သမ္မတ ထရမ့်ဟာ အမျိုးသားအရေးပေါ် အခြေအနေကို ကြေညာလိုက်ပါတယ်။ အိမ်ဖြူတော်မြက်ခင်းပြင်မှာ  ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာပြီးနောက်မှာ သမ္မတ ထရမ့်နဲ့ သတင်းထောက်တွေ အကြား အချေအတင် စကားများခဲ့ပါတယ်။ သတင်းထောက်တွေက နယ်စပ်တလျောက် ဖြစ်ပွားတဲ့ ရာဇ၀တ်မှုတွေ နဲ့ တရားမ၀င်ရောက်လာသူတွေ ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေဟာ ပြီးခဲ့တဲ့နှစ်တွေမှာ သိသိသာသာ ကျဆင်းပြိး ကိန်းဂဏန်း ကွာဟချက်တွေရှိတယ်လို့ ထောက်ပြခဲ့ပါတယ်။ သမ္မတ ထရမ့်ရဲ့ အခုလို ကွန်ဂရက်ကို ရှောင်ပြီး ပြုလုပ်တဲ့ လုပ်ရပ်ဟာ အမေရိကန်နိုင်ငံထဲ တရားမ၀င်လာရောက်သူတွေကို တားဆီးမယ်ဆိုတဲ့ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ ကတိက၀တ်ကို ချဉ်းကပ်မှုပုံစံသစ်နဲ့ ဖြည့်ဆည်းလိုက်တာပါ။ အဲဒီလို ကြေညာတာကို ဒီမိုကရက်တွေက အမေရိကန် ဖွဲ့စည်းပုံကို ချိုးဖောက်တဲ့ လုပ်ရပ်အဖြစ်  စောဒကတက်မယ်လို့ ပြောကြားခဲ့ပါတယ်။ ၁၉၇၆ ခုနှစ် အမျိုးသား အရေးပေါ်အခြေအနေ အက်ဥပဒေအရ သမ္မတဟာ အရေးပေါ် အခြေအနေ ကြေညာခွင့်ရှိပါတယ်။ အဲဒီ ကြေညာချက်ကို ကန့်ကွက်ဖို့ရာ  ဥပဒေထဲမှာ ကွန်ဂရက် လုပ်ထုံးလုပ်နည်းတွေ ပါဝင် တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up