Home
မြန်မာသတင်း
ရန်ကုန်မြို့သစ်စီမံကိန်း အပြီးသတ်ဆွေးနွေး၊ မြေယာလျော်ကြေး ၂၀ ရာခိုင်းနှုန်းပြန်ပေးမည်
DVB
·
February 16, 2019
ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ အပြီးသတ်အဆင့် Master plan ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မြို့တော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။ ဆွေးနွေးပွဲကိုတော့ ရန်ကုန်မြို့သစ်ဖွံ့ဖြိုးတိုတက်ရေး ကုမ္ပဏီလီမိတက် (NYDC) က ကြီးမှူးကျင်းပတာဖြစ်ပြီး AECOM Singapore Pte.,Ltd က စီမံကိန်းအကြောင်း ရှင်းလင်း ပြောကြားတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့သစ် စီမံကိန်းကိုတော့ အရင်အစိုးရ လက်ထက်ကတည်းက စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး အစိုးရသစ်လက်ထက်မှာ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်မြို့သစ်စီမံကိန်းကိုတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ မြေသိမ်းဥပဒေကို ထုတ်ပြန်ခဲ့တာလို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ သိမ်းဆည်းထားတဲ့ မြေယာတွေကိုတော့ မြေယာ ၁၀ ဧကမှာ မြေပိုင်ရှင်ကို ၂၀ ရာခိုင်းနှုန်းအဖြစ် မြေဧက ၂ ဧက တန်ဖိုးကို လျော်ကြေး ပြန်လည်ပေးအပ်သွားမယ်လို့ ဆိုပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကတော့ မြို့သစ်စီမံကိန်း အတွက် မြေယာလျော်ကြေး ၂၀ ရာခိုင်းနှုန်းကို ပြန်လည်ပေးအပ်မယ်ဆိုတာနဲ့ မြေယာတန်ဖိုးကို ကာလပေါက်ဈေးနဲ့ သတ်မှတ်ရာမှာလည်း ဘယ်လိုမျိုး ပေးလျော်မှာလဲဆိုတာကို မေးမြန်းသွားမယ်လို့ မီဒီယာတွေကို ပြောပါတယ်။ ဒါ့အပြင် စီမံကိန်းအတွက် တင်ဒါခေါ်ယူတဲ့အပိုင်းမှာလည်း တရားဝင် တင်ဒါခေါ်ယူခဲ့လား ဆိုတာကိုလည်း မေးမြန်းသွားမယ်လို့ ဆိုပါတယ်။ NYDC ဒုတိယဥက္ကဋ္ဌ ဦးသိမ်းဝေက မြို့သစ် လုပ်ဆောင်မယ့် အများနဲ့ သက်ဆိုင်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းအားလုံး ပွင့်လင်းမြင်သာမှု၊ တာဝန်သိတတ်မှုနဲ့ စွမ်းဆောင်ရည် ရှိမှုတို့ ပြည့်စုံဖို့ လိုအပ်ကြောင်း၊ NYDC အနေနဲ့ လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ မျှတတဲ့ ပြိုင်ဆိုင်မှု၊ ပွင့်လင်းမြင်သာမှုနဲ့ ထိရောက်မှုရှိစေဖို့ ကမ္ဘာအနှံ့ ကျင့်သုံးနေတဲ့ Swiss Challenge နည်းကို လက်ခံကျင့်သုံးမယ်လို့ ပြောပါတယ်။ မြို့သစ်စီမံကိန်းစတင်ပါက အလုပ်သမား ၂ သန်းကို အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးနိုင်မယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024