Home
မြန်မာသတင်း
သက်​ငယ်​မုဒိမ်းမှုဖြင့် ပိုက်ဆံရှာမစားရန် ဖေ့စ်ဘွတ်ခ်ပေါ် ရေးသားသည့်ဆရာဝန်​ အမှုဖွင့်​ခံရ
DVB
·
February 16, 2019
သက်​ငယ်​မုဒိန်းမှုကနေ ပိုက်ဆံရှာမစားနဲ့ဆိုပြီး Facebook ​ပေါ်မှာ ရေးသားခဲ့တဲ့ မ​ကွေးတိုင်း​ဒေသကြီး အထက်​မင်းလှမြို့က မလွန်​-မင်းလှ ပရဟိတအဖွဲ့က ဆရာဝန်​တယောက် ဆက်​သွယ်​​ရေး ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်​ခံထားရပါတယ်။ သက်​ငယ်​မုဒိန်းမှုကို တရားရုံး​ပြောင်းတဲ့ ကိစ္စနဲ့ပတ်​သက်​လို့ ​ဖေ​ဖော်​ဝါရီ ၁ ရက်​​က ​ဒေါက်​တာရဲထွန်း​ဇော်​ရဲ့Ye Htun Zaw Facebook အ​ကောင့်​မှာ “ပိုက်​ဆံရှာစားချင်​တယ်​ဆိုရင်​ အခြားအမှုများမှ ရှာစားရန်​၊ သက်​ငယ်​မုဒိမ်း မှုမှပိုက်​ဆံရှာမစားရန်​၊ တရားခံရဲ့ အခွင့်​​ရေးဆိုပြီး ကာကွယ်​​ပေးပြီး မယုတ်​မာရန်​” လို့ ​ရေးသား​ဖော်​ပြခဲ့တဲ့အတွက်​ သက်​ငယ်​မုဒိမ်းမှုနဲ့ အမှုရင်​ဆိုင်​​နေသူ ​အောင်​ဆန်းရဲ့ ​ရှေ့​နေ ဦး​မောင်​​မောင်​စိုးက တရားစီရင်​​ရေးနဲ့ ဂုဏ်​သ​ရေကို ထိခိုက်​​ခိုက်​​အောင်​ အ​သ​ရေဖျက်​​နှောက်​ယှက်​ ခြိမ်း​ခြောက်​တယ်​ဆိုပြီး ရဲစခန်းမှာ လာ​ရောက်​တိုင်​ကြားတဲ့အတွက်​ ဆက်​သွယ်​​ရေးဥပ​ဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်​ထားတာလို့ မင်းလှမြို့မရဲစခန်းမှ ရဲအရာရှိတ​ဦးက ပြောပါတယ်။ အမှုဖွင့်​ခံရသူ ​ဒေါက်​တာ ရဲထွန်း​ဇော်​က “အမှုကြန့်ကြာတဲ့ အ​ပေါ်မှာ ပြစ်​တင်​​ပြောဆိုတာပါ၊ တဦးတ​​ယောက်​ကို ရည်​ညွန်းတာမဟုတ်​ဘဲ သူ့အမည်​လည်းမပါဘူး။ ရှေ့​နေက ဘာဖြစ်​ပါတယ်​၊ ညာဖြစ်​ပါတယ်​ဆိုပြီး ​ရေးသားထားတာလည်း မရှိဘူး။ သူကတိုင်းကြားလိုက်​လို့ ဖုန်းသိမ်းသွားတာမျိုးဆိုတာလည်း မဖြစ်​သင့်​ဘူး။ သက်​ငယ်​မုဒိန်းမှု​တွေမှာ တရားခံအခွင့်​​ရေး အပြည့်​ဝ​ပေးသင့်​ မ​ပေးသင့်​က ဥပ​ဒေပြု​ရေးအပိုင်းက ပြန်​ပြီး သုံးသပ်​ဖို့လိုတာ​ပေါ့။ သက်​ငယ်​မုဒိန်းမှု စဖြစ်​ကတည်းက မလွန်​-မင်းလှ ပရဟိတ အဖွဲ့အ​နေနဲ့ အလုံးစုံ ကူညီ ​ပေး​နေတာပါ။ မင်းလှမြို့နယ်​မှာ ဖြစ်​ပွားတဲ့ သက်​ငယ်​မုဒိန်းမှု မှန်​သမျှ လူမှု​ရေးအသိစိတ်​နဲ့ လိုက်​ပါကူညီ​ဆောင်​ရွက်​​ပေး​နေတာပါ။ အမှုက တနှစ်​​ကျော်​​နေပြီး ဟိုတရားရုံး​ပြောင်း၊ ဒီတရားရုံး​ပြောင်းမလုပ်​ဘဲ တရုံးရုံးမှာ အမိန့်​ချသင့်​ပါတယ်​။ အမှုဖွင့်​ခံထားရတဲ့ ဆက်​သွယ်​​ရေး ဥပ​ဒေပုမ ၆၆(ဃ)ကိုလည်း ပြန်​လည်​ သုံးသပ်​သင့်​တယ်​” လို့ ဆိုပါတယ်​။ အဆိုပါ ဖြစ်​စဉ်​နဲ့ပတ်​သက်​လို့ ​ဒေါက်​တာရဲထွန်း​ဇော်​ကို မင်းလှမြို့မရဲစခန်းမှာ ​ဆက်​သွယ်​​ရေး ဥပ​ဒေ ပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်​လှစ်​ထားပြီး ဒုရဲအုပ်​ သန်း​ဇော်​ဦးက စစ်​​ဆေး​ဆောင်​ရွက်​​နေတယ်​လို့ မင်းလှမြို့မရဲစခန်းမှ သိရပါတယ်​။ မင်းလှမြို့နယ်​ ဆား​တောင်​​ကျေးရွာ စာသင်​ခန်းထဲမှာ သက်​ငယ်​မုဒိန်းမှုဖြစ်​ပွားတဲ့အတွက်​ ၂၀၁၈ ခုနှစ်​​ဖေ​ဖော်​ဝါရီ ၁ ရက်​​နေ့က မင်းလှမြို့မရဲစခန်းမှာ အမှုဖွင့်​ခဲ့တာပါ။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024