လင်ဂတ်နှင့် မာရှယ် ဒဏ်ရာကြောင့် သုံးပတ်ခန့် အနားယူရမည်

MANCHESTER, ENGLAND - FEBRUARY 12: Jesse Lingard of Manchester United is assisted with an injury by Juan Bernat of before he is substituted during the UEFA Champions League Round of 16 First Leg match between Manchester United and Paris Saint-Germain at Old Trafford on February 12, 2019 in Manchester, England. (Photo by Michael Regan/Getty Images)
လင်ဂတ်နဲ့မာရှယ်ဟာ ဒဏ်ရာကြောင့် နှစ်ပတ်ကနေ ၃ ပတ်ကြာအနားယူရတော့မယ်လို့ နည်းပြဆိုးလ်ရှားရဲ့ အတိအလင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါ့ကြောင့် အန်ဂျယ်ဂိုးမက်ဇ်နဲ့ လူငယ်ကြယ်ပွင့် တာဟစ်ချောင်တို့ဟာ ပထမဆုံးအကြိမ် အဖြစ် အသင်းကြီးနဲ့အတူ လေ့ကျင့်ခန်းဆင်းနေတယ်လို့ သိရပါတယ်။ လင်ဂတ်နဲ့မာရှယ်ဟာ နည်းပြဆိုးလ်ရှားလက်ထပ်မှာ အဓိက ကစားသမားတွေအဖြစ် ပွဲထွက်ကစားနေသူတွေဖြစ်ပြီး ပီအက်စ်ဂျီနဲ့ ပထမအကျော့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီကစားသမား နှစ်ဦးဟာ ချဲလ်ဆီးနဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်ကို လွဲချော်မှာဖြစ်ပြီး လာမယ့်ပွဲစဉ်တွေဖြစ်တဲ့ ပဲလေ့စ်၊ ဆောက်သမ်တန်တို့ ပွဲစဉ်တို့ကို ကျိန်းသေပေါက် လွဲချော်မှာဖြစ်ပါတယ်။ ပီအက်စ်ဂျီနဲ့ ဒုတိယအကျော့မှာလည်း ပါဝင်ကစားဖို့ မသေချာတာကြောင့် ရုန်းကန်ရဖို့ ရှိနေပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပထမအကျော့အိမ်ကွင်းမှာ ပီအက်စ်ဂျီအသင်းကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားလို့ ဒုတိယအကျော့အဝေးကွင်းမှာ ၃ ဂိုးအသာ သွင်းယူနိုင်မှသာ နောက်တဆင့် တက်ရောက်နိုင်မှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up