Live
Home
အနုပညာ
ပါရမီရှင် ၄ နှစ်သမီးလေးနှင့် အဆိုတော်ဝိုင်းလေးသီဆိုသည့်သီချင်း ရေပန်းစား(ရုပ်သံ)
DVB
·
February 16, 2019
“နေလို့ရော ကောင်းရဲ့လား… အရင်လိုရော ချစ်ရဲ့လား… အရင်လိုမျိုး မတွေ့တဲ့အခါ… ပူညံပူညံမင်းစကား… နည်းနည်းလေးတော့ လွမ်းမိသား” ဒါကတော့ အလှမယ် အဆိုတော်ဝိုင်းလေးရဲ့ လူသိများတဲ့ သီချင်းတပုဒ်ဖြစ်တဲ့ တာဝန်အရ လွမ်းပေးပါအမည်ရတဲ့ သီချင်းထဲက စာသားတွေပါ။ မြူးမြူးကြွကြွ သံစဉ်နဲ့ ဒီသီချင်းဟာ ၀ိုင်းလေးသီဆိုချိန်ကတည်းက နာမည်ကြီးနေ ပြီး ဒီတခါမှာတော့ ပါရမီရှင် ၄ နှစ်သမီးကလေးနဲ့အတူ စုံတွဲသီဆိုထားခဲ့ပြီး ပရိသတ်တွေ ကြားမှာ ရေပန်းစားနေခဲ့တာပါ။ “အပြင်မှာ အရမ်းအေး နေလား… အချိန်ရှိတိုင်းသတိရပါ… ဒီလိုမျိုးမတွေ့တဲ့အခါ ဘာဘာညာညာ စကားများ… ညဘက်လမ်းလျှောက် မထွက်နဲ့ကွာ” ကြည်ဖြူဝင်းထွဋ်အမည်ရတဲ့ ၄ နှစ်သမီးလေးဟာ သီချင်းတပုဒ်လုံးကို ပီပီသသ၊ ကြည်ကြည်မြမြနဲ့ ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်ခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ပရိသတ်တွေ က ရှုစားကြရမှာ ဖြစ်ပါတယ်။ “အချိန်မှန်တော့ အိပ်ယာနှိုး မင်းစာပို့… ငါ့ကိုလွမ်းတဲ့အကြောင်းတွေ ဖုန်းဆက် ပါ… တခါတလေ အိပ်မရ တာမျိုးရှိရင် ငါ့ရဲ့ဓာတ်ပုံလေးကို နင်ခိုး နမ်းပေးပါ… အချိန် မှန်တော့ လွမ်းပါဦး… အလုပ်တွေရှုပ်နေလည်း… အိပ်မက်ထဲတော့ မက်လိုက်ပါ… သတိ ရရ မရရ ပါ… တာဝန်အရတော့လွမ်းပေးပါ” ကြည်ဖြူဝင်းထွဋ်ရဲ့ ဒီသီချင်းကို ကနဦး သီဆိုခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ကိုတော့ သူ့ ရဲ့ မိခင်ဖြစ်သူ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ မျှဝေခဲ့ပြီးနောက် ပရိတ် သတ်တွေကြား နာမည်ကြီးနေခဲ့တာပါ။ ခုတခါမှာတော့ အဆိုတော် ၀ိုင်းလေးနဲ့ အတူသီဆိုပြီး ဖခင်ဖြစ်သူက ဂစ်တာတီး ခတ်ပေးထားခဲ့ကာ ပြန်လည်ရိုက်ကူးတင်ဆက်လိုက်တာကို ရှုစားကြရမှာ ဖြစ်ပါတယ်။ ၀ိုင်းလေးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှတဆင့် ဒါကို မျှဝေထားခဲ့ပြီး ခု လိုရေးသားဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။ “Facebook က သမီးလေး ကြည်ဖြူရဲ့ တာဝန်အရ သီချင်းလေး သီဆိုဟန်သ ဘောကျရင်း We Media နဲ့အတူတူ ဝိုင်းလေးတို့ ပြန်လည်ရိုက်ကူးတင်ဆက်လိုက်ပါ တယ်နော်❤️❤️။ သမီးလေးရဲ့ ချစ်စရာ အမူရာလေးနဲ့ သီချင်းလေးကို ပြန်လည်ခံ စားပေးပါအုန်း😍😍”

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024