အမေရိကန် နယ်စပ်လုံခြုံရေး ဥပဒေကြမ်း သမ္မတထရမ့်ထံ ပေးပို့

အမေရိကန်အစိုးရယန္တရား နောက်တကြိမ် ရပ်တန့်တာကို ရှောင်ရှားဖို့အတွက် ပါတီနှစ်ရပ် မဲပေးထားတဲ့ နယ်စပ်လုံခြုံရေး ဥပဒေကြမ်းကို ဖေဖော်ဝါရီ ၁၄ ရက်နေ့က အောက်လွှတ်တော်မှာ အတည်ပြုပြီး သမ္မတ ထရမ့်ဆီပေးပို့ခဲ့ပါတယ်။ အဲဒီဥပဒေကြမ်းမှာ နယ်စပ်အရံ အတားအသစ်တွေ ထားရှိရေး ပါဝင်ပေမယ့် သမ္မတ ထရမ့် ကြိုးပမ်းတဲ့ တံတိုင်းတည်ဆောက်ရေး ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၅.၇ ဘီလျံတော့ မပါဝင်ပါဘူး။ ဒီမိုကရက်တွေ ကြီးစိုးတဲ့ အောက်လွှတ်တော်က အစိုးရဌာနတွေနဲ့ အေဂျင်စီ ရန်ပုံငွေ အတွက် အမေရိကန် ဒေါ်လာဘီလျံ ၃၀၀ ကျော် ထောက်ပံ့မယ့် ဥပဒေကြမ်းကို ထောက်ခံမဲ ၃၀၀ ကန့်ကွက်မဲ ၁၂၈ နဲ့ အတည်ပြုခဲ့တာပါ။ ဒီဥပေဒကြမ်းကို  ဖေဖော်ဝါရီ ၁၄ ရက်နေ့အစောပိုင်းက အထက်လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။ ဒီဥပဒေကြမ်းကို သမ္မတ ထရမ့်က လက်မှတ်ရေးထိုးမှာ ဖြစ်ပေမယ့် နယ်စပ်တံတိုင်း တည်ဆောက်ရေး ရန်ပုံငွေရဖို့ တဖက်သတ် သမ္မတအာဏာကို ကျင့်သုံးမယ်လို့လည်း အိမ်ဖြူတော်က ပြောကြားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up