Airbus က A380 စူပါဂ်မ္ဘို လေယာဉ်ထုတ်လုပ်ရေး ဖျက်သိမ်းမည်

ဥရောပရဲ့ Airbus လေယာဉ်ကုမ္ပဏီဟာ A380 စူပါဂျမ်ဘို လေယာဉ်ထုတ်လုပ်ရေး အစီအစဉ်ကို ဖျက်သိမ်းမယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ Airbus ဟာ နှစ်ပေါင်းများစွာ လေယာဉ်အရောင်း ကျဆင်းပြီးနောက် ၂၁ ရာစုမှာ မိုးကောင်းကင်ကို A380 စူပါဂျမ်ဘိုတွေ လွှမ်းမိုးရေးအိပ်မက်ကို စွန့်လွှတ်ခဲ့ပါတယ်။ အထပ် နှစ်ထပ်ပါရှိပြီး ခရီးသည် ၅၄၄ ဦး လိုက်ပါနိုင်အောင် နေရာကျယ်ဝန်းတဲ့ ကမ္ဘာ့အကြီးဆုံး ခရီးသည်တင်လေယာဉ်ဟာ ဘိုရင်း ၇၄၇ ကို စိန်ခေါ်ဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် လေကြောင်းလိုင်းတွေက ပိုမိုသေးငယ်တဲ့ မျိုးဆက်သစ် လေယာဉ်တွေကိုသာ အလိုရှိတာမို့ Airbus ရဲ့ ရည်မှန်းချက် နှမ်းထွက်မကိုက်ခဲ့တာပါ။ အဲဒီလို အစီအစဉ်ဖျက်သိမ်းခဲ့တဲ့အတွက် အလုပ်အကိုင်ပေါင်း ၃,၀၀၀ နဲ့ ၃,၅၀၀ ထိခိုက်နိုင်ခြေရှိတာနဲ့ ပတ်သက်ပြီး လာမယ့် သီတင်းပတ်တွေမှာ အလုပ်သမားသမဂ္ဂတွေနဲ့  ဆွေးနွေးသွားမယ်လို့ Airbus က ပြောပါတယ်။ နောက်ဆုံး  A380 စူပါဂျမ်ဘိုလေယာဉ်ကို လာမယ့် ၂၀၂၁ ခုနှစ်မှာ ပေးပို့သွားမယ်လို့ Airbus က ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up