တရုတ်-အမေရိကန် အဆင့်မြင့်အရာရှိများအဆင့် ကုန်သွယ်ရေး ဆွေးနွေး

729
တရုတ်ဒုဝန်ကြီးချုပ် လျိုဟော့ဟာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတီဗန် မနူချင်၊ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ရောဘတ် လိုက်သီဇာတို့နဲ့ တရုတ်မြို့တော် ပေကျင်းမှာ ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ဆုံပါတယ်။
နှစ်နိုင်ငံကြား အဆင့်မြင့်အရာရှိများအဆင့် ကုန်သွယ်ရေး ဆွေးနွေးပွဲစချိန်မှာ ခုလို တွေ့ဆုံတာပါ။
နောက်ထပ် ထပ်ဆောင်းခွန် ကောက်ခံမယ့် ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်မလာခင် မတ် ၁ ရက်နေ့ နောက်ဆုံးရက် သတ်မှတ်ချက်မတိုင်ခင်မှာ ကမ္ဘာ့အကြီးဆုံး စီးပွားရေး နိုင်ငံကြီး ၂ နိုင်ငံကြား သဘောတူညီချက်ရရေး ကြိုးစားနေကြပါတယ်။ ဆွေးနွေးပွဲတွေဟာ သောကြာနေ့မှာ ပြီးဆုံးမှာပါ။
တကယ်လို့ ဆွေးနွေးပွဲတွေကနေ သဘောတူညီချက်မရရင် တရုတ်ကနေ အမေရိကန်ကို တင်ပို့နေတဲ့ အမေရိကန်ဒေါ်လာ ဘီလျံ ၂၀၀ တန် ကုန်စည်တွေအပေါ် လက်ရှိ ကောက်နေတဲ့ အခွန် ၁၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းထိ တိုးမြှင့်ကောက်ခံဖို့ စီစဉ်ထားပါတယ်။
လူသုံး အီလက်ထရောနစ် ပစ္စည်းကဏ္ဍကနေ စိုက်ပျိုးရေးကဏ္ဍအထိ လုပ်ငန်းတွေအတွက် ဆုံးရှုံးမှု တိုးလာနိုင်ပါတယ်။