Live
Home
မြန်မာသတင်း
ဘင်္ဂါလီအရေး နိုင်ငံတကာက အမှန်အတိုင်း မသိဘဲ စွပ်စွဲပြောဆိုနေဟု ကာချုပ်ရှင်းလင်း
DVB
·
February 15, 2019
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီအရေးကိစ္စကို တပ်မတော်နဲ့ အစိုးရရဲ့ ဖြေရှင်းဆောင်ရွက်ချက်တွေအပေါ် နိုင်ငံတကာက အမှန်အတိုင်း မသိရှိဘဲ စွပ်စွဲပြောဆိုနေတဲ့ အခြေအနေကို ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်းပြောကြားခဲ့တယ်လို့ တပ်မတော်က သတင်း ထုတ်ပြန်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဂျပန်နိုင်ငံက အဆာဟိရှင်ဘွန်းသတင်းဌာနကို ဖေဖော်ဝါရီ ၁၄ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ  လက်ခံတွေ့ဆုံပြီး မေးမြန်းချက်တွေကို ဖြေကြားခဲ့တာပါ။ တွေ့ဆုံမေးမြန်းရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၁၈ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ သဘောထားအမြင်၊ လွှတ်တော်မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်ဆောင်ရွက်နေမှုနဲ့ ဆက်လက်ပါဝင်ဆောင်ရွက်မှု အခြေအနေတွေ  ကို ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ရှင်းလင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်တွင်းငြိမ်းချမ်းရေး ရရှိစေဖို့  တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ)မှာ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်နေတဲ့ အခြေအနေ၊ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဒေသဖွံ့ဖြိုးရေးအတွက် တရုတ်နဲ့ ဂျပန်နိုင်ငံတို့က ကူညီနေတဲ့ ကိစ္စတွေနဲ့ စပ်လျဉ်းပြီးလည်း သဘောထားအမြင်တွေ ပြောကြားခဲ့တယ်လို့လည်း ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဓာတ်ပုံ-CINCDS

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024