ဆာလက်ကို ဒိုင်ဘာလားအပြင် ယူရိုသန်း ၅၀ ဖြင့် လီဗာပူထံ ဂျူဗင်တပ် ကမ်းလှမ်း

ဂျူဗင်တပ်အသင်းဟာ ဆာလက်ကို ခေါ်ယူနိုင်ဖို့အတွက် ဒိုင်ဘာလားအပြင် ယူရိုသန်း ၅၀ နဲ့ လီဗာပူးအသင်းကို ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။ အီတလီနာမည်ကြီး သတင်းစာ Tuttosport ရဲ့ အဆိုအရ ဂျူဗင်တပ်အသင်းဟာ တိုက်စစ်မှူး စီရော်နယ်ဒို နဲ့ တွဲဖက်ကစားဖို့အတွက် ဆာလက်ကို ခေါ်ယူလိုနေတာလို့ သိရပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူး ဒိုင်ဘာလားဟာ စီရော်နယ်ဒို ရောက်ရှိလာပြီးနောက်ပိုင်း အသင်းမှာခြေစွမ်းပြဖို့ ရုန်းကန်နေရပြီး စုစုပေါင်း ၃၃ ပွဲမှာ ၈ ဂိုးပဲ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ထိပ်တန်းတိုက်စစ်မှူးအဖြစ် ရှိနေဆဲဖြစ်တာကြောင့် ထိပ်တန်းအသင်းတွေက တောင် ခေါ်ယူလိုနေတဲ့ ကစာသမားဖြစ်ပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်အသင်းကတော့ ဆာလက်ကို ပိုပြီးအလိုရှိနေတာကြောင့် အံ့အားသင့်ဖွယ် ကမ်းလှမ်းမူအဖြစ် ဒိုင်ဘားလားအပြင် ယူရိုသန်း ၅၀ ပါ ထပ်ပေးဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး အင်္ဂလန်မီဒီယာတွေနဲ့ လီဗာပူးအသင်းတို့ဘက်ကတော့ ရေးသားပြောဆိုထားတာ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up