A d v e r t i s e m e n t With Us

အင်ဒိုနီးရှားတွင် ခရီးသည်တင်ရေယာဉ်နစ်မြုပ်၊ ၉ ဦးသေဆုံး

အင်ဒိုနီးရှားနိုင်ငံ ဆူဒါရေလက်ကြားမှာ ခရီးသည်တင် ကူးတို့ ရေယာဉ် ၁ စီးနဲ့ ဓာတ်ငွေ့တင် သင်္ဘော ၁ စီး မတော်တဆ တိုက်မိပြီး နစ်မြုပ်သွားတာကြောင့် လူ ၉ ဦး သေဆုံးသွားတယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက အတည်ပြုပြောပါတယ်။ စက်တင်ဘာ ၂၅ ရက်နေ့ မနက်လင်းအားကြီး အချိန်လောက်မှာ  မာရတတ် ဆိပ်ကမ်းကနေ လမ်ပေါင်းကို သွားတဲ့ ကူးတို့ရေယာဉ်နဲ့ မတော်တဆ တိုက်မိခဲ့တာဖြစ်ပြီး ကူးတို့သင်္ဘောမှာ ပါလာတဲ့ လူပေါင်း ၂၀၇ ယောက်ကို ကယ်ဆယ်ရေးလုပ်သားတွေက ကယ်ဆယ်နိုင်ခဲ့တယ်လို့ အင်ဒိုနီးရှား ပို့ဆောင်ရေး ဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ပျောက်ဆုံးနေသူတွေကို အင်ဒိုနီးရှား ရေတပ်နဲ့ ကယ်ဆယ်ရေး လုပ်သားတွေက ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး ပျောက်ဆုံးနေသူ ၁၂ ယောက်လောက် ရှိမယ်လို့ ခန့်မှန်းပါတယ်။ အသက်ရှင်လျက် ကယ်ဆယ်ရမိသူတွေကို လမ်ပေါင်းရှိ ကာလီအန်ဒါ ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။ တိုက်မိတဲ့  နော်ဂတ်စ်ကတ်သင်ကာ (Norgas Cathinka) ကုန်တင် သင်္ဘောဟာ ဓာတုဗေဒပစ္စည်းတွေနဲ့ သဘာဝဓာတ်ငွေ့ တင်ဆောင်နိုင်ဖို့ မှတ်ပုံတင်ထားတဲ့ စင်ကာပူ ပုဂ္ဂလိက ကုမ္ပဏီတခုပိုင် သင်္ဘောဖြစ်ပါတယ်။ ကျွန်းပေါင်း ၁၇၀၀၀ လောက်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ကူးတို့သင်္ဘောတွေဟာ အများပြည်သူတွေ အဓိကအားထားရတဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းဖြစ်ပါတယ်။ ဒါပေမယ့် ဘေးကင်းလုံခြုံရေး စနစ်တကျ စီစဉ်ထားမှု အားနည်းတဲ့အတွက် အခုလို မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up