ထရမ့်နှင့် ကင်မ်တို့ တွေ့ဆုံပွဲအတွက် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး ပြုံယမ်းကိုသွားရောက်

North Korea Foreign Minister Ri Su Yong, right, meets the delegation of the Vietnamese Foreign Ministry led by Vietnam's Deputy Prime Minister Pham Binh Minh at the Mansudae Assembly Hall in Pyongyang, North Korea, Wednesday, Feb. 13, 2019. Vietnam's foreign minister arrived in North Korea on Tuesday ahead of a planned summit between U.S. President Donald Trump and North Korean leader Kim Jong Un in Vietnam's capital later this month. (AP Photo/Jon Chol Jin)/2019-02-13 18:33:06/
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဖမ်ဘင်မင်ဟာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရိယောင်ဟိုနဲ့ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမှာ ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ဆုံဆွေးနွေး ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဖမ်ဘင်မင်နဲ့အဖွဲ့ မြောက်ကိုရီးယား အရာရှိတွေနဲ့အတူ မန်ဆူဒေ ညီလာခံခန်းမအတွင်း အစည်းအဝေး လုပ်နေတဲ့ ရုပ်သံကို မြောက်ကိုရီးယား အစိုးရမီဒီယာ KCNA က  ထုတ်လွှင့်ပြသခဲ့ပါတယ်။ “ဝန်ကြီးတွေဟာ အပြန်အလှန် စိုးရိမ်မှုရှိတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ ရေးရာတွေကို ဆွေးနွေးခဲ့တယ်။ အမြင်တွေအပေါ်လည်း သဘောတူခဲ့ကြတယ်”လို့ ကေစီအန်အေ က ပြောပါတယ်။ ဗီယက်နမ်ကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယားဝန်ကြီးရဲ့ ဖိတ်ကြားချက်အရ ပြုံယမ်းကို ၃ ရက်ကြာ အလည်အပတ် ခရီးစဉ်နဲ့ အင်္ဂါနေ့က ရောက်လာတာပါ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျွန်အန်းနဲ့  ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို ဗီယက်နမ် မြို့တော်ဟနွိုင်းမှာ ဖေဖော်ဝါရီ ၂၇ နဲ့ ၂၈ ရက်တွေမှာ ကျင်းပမယ်လို့ ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up