ဒူတာတေးကို ဝေဖန်ခဲ့သည့် Rappler သတင်းဝက်ဘ်ဆိုက် အကြီးအကဲ ဖမ်းဆီးတရားစွဲခံရ

ဖိလစ်ပိုင်သမ္မတ ဒူတာတေးကို ဝေဖန်တဲ့ Rappler သတင်းဝက်ဘ်ဆိုက် အကြီးအကဲဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က အသရေဖျက်မှု စွဲချက်တွေနဲ့ ဖမ်းဆီးခံခဲ့ ရပါတယ်။ Rappler သတင်းဝက်ဘ်ဆိုက် အကြီးအကဲ မာရီယာရေဆာဟာ ၂၀၁၂ ခုနှစ် က တင်ခဲ့တဲ့ ဆောင်းပါးတပုဒ်ဒ်နဲ့ ပတ်သက်လို့ ဆိုက်ဘာ အသရေဖျက်မှုနဲ့ စွပ်စွဲခံရတာပါ။ အဲဒီဆောင်းပါးဟာ အမည်မသိ အေဂျင်စီတခုက  ထောက်လှမ်းရေး သတင်းကို ကိုးကားပြီး စီးပွားရေးလုပ်ငန်းရှင်တဦးက  လူသတ်မှု၊ လူကုန်ကူးမှုနဲ့ မူးယစ်ရောင်းဝယ်မှုတွေနဲ့ ဆပ်စပ်နေတဲ့ ဆိုတဲ့ အကြောင်း ရေးသားထားပါတယ်။ အဆိုပါ စီးပွားရေးလုပ်ငန်းရှင်ကတော့ ဘာအမှားအယွင်းမှ မလုပ်ခဲ့ဘူးလို့ ငြင်းဆိုခဲ့ပြီး သူ့ကိုယ်စား တရားရေး ဌာနက Rappler ကို တရားစွဲတာပါ။ ဖိလစ်ပိုင် အမျိုးသားစုံစမ်းရေး ဗျူရိုအရာရှိတွေဟာ ၀က်ဘ်ဆိုက် အကြီးအကဲ ရေဆာကို မနီလာမြို့  Rappler ရုံးခန်းကနေ လာခေါ်သွားပြီး အဲဒီ သတင်းဟာလည်း လူမှုကွန်ယက် မီဒီယာမှာ ပျံနှံ့သွားပါတယ်။ မာရီယာ ရေဆာဟာ ၂၀၁၈ ခုနှစ် တိုင်းမ်မဂ္ဂဇင်းရဲ့ တနှစ်တာအထူးချွန်ဆုံး ပုဂ္ဂိုလ်များ စာရင်းမှာ ဂုဏ်ပြုဖော်ပြခြင်းခံရသူပါ။ “သမ္မတ ဒူတာတေးရဲ့ ၀ါဒဖြန်ချိရေး  ယန္တရားနဲ့ တရားလက်လွတ်သတ်ဖြတ်မှုတွေကို  သတ္တိရှိစွာ သတင်းဖော်ပြခဲ့မှု” အတွက် တိုင်းမ်မဂ္ဂဇင်းက ၀က်ဘ်ဆိုက် ဦးဆောင်သူ ရေဆာကို ဂုဏ်ပြု ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up