ရုရှားသမ္မတ ပူတင် ဆိုချီနှင်းလျှောစီး အပန်းဖြေစခန်းသို့ သွားရောက်

1K
ရုရှားသမ္မတ ဗလာဒီမီယာပူတင်ဟာ ဆီးရီးယားအရေး ထိပ်သီးညီလာခံ မကျင်းပမီ ပြင်ဆင်နေရာကနေ ခဏအနားယူတဲ့အနေနဲ့ ဆိုချီ နှင်းလျှောစီး အပန်းဖြေစခန်းဆီ ဖေဖော်ဝါရီ ၁၃ ရက်က သွားခဲ့ပါတယ်။
ရုရှားကို တရားဝင်အလည်အပတ် ရောက်နေတဲ့ ဘဲလာရုစ်သမ္မတ အလက်ဇန်းဒါး လုခါရှန်ကိုနဲ့ သူ့သား နီကိုလိုင်တို့လည်း ပူတင်နဲ့အတူ လိုက်လာတာပါ။
နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ လာမယ့် နှစ်ရက်လုံး ဆွေးနွေးပွဲတွေ ဆက်လုပ်မယ်လို့ သမ္မတနန်းတော် ပြောခွင့်ရ ဒမစ်ထရီပဲ့စ်ကို့ဗ်က ပြောပါတယ်။
တချိန်တည်းမှာပဲ ဆီးရီးယား အခြေအနေကို ဆွေးနွေးဖို့ ရုရှား၊ အီရန်နဲ့ တူရကီ ခေါင်းဆောင်တွေလည်း ဆိုချီမြို့ကို ဖေဖော်ဝါရီ ၁၄ ရက်မှာ ရောက်လာဖို့ မျှော်လင့်ထားပါတယ်။