ပီအက်စ်ဂျီ ကွင်းလယ်လူ ရာဘီရော့ကို မန်ယူခေါ်ယူလို

ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်း ကွင်းလယ်သမား ရာဘီရော့ကို ခေါ်ယူဖို့ ကြိုးစားတဲ့အသင်းတွေထဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်းလည်း ပါဝင်လာပါတယ်။ ပြင်သစ် ကွင်းလယ်သမား ရာဘီရော့ဟာ ဒီနှစ်ရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာပါ။ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်သမားဟာ ပီအက်ဂျီအသင်းရဲ့ အဓိက ကစားသမားတဦး ဖြစ်ပေမယ့်လည်း ဒီဇင်ဘာ ၁၁ ရက် နောက်ပိုင်းမှာ  ပုံမှန် ပွဲထွက်ကစားခွင့် ဆုံးရှုံးခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ အနာဂတ်ဟာ ပီအက်စ်ဂျီအသင်းမှာ ဆက်ရှိဖို့ မသေချာတဲ့ အနေအထားကို ရောက်ရှိလာတယ်လို့ ဗြိတိသျှမီဒီယာတွေမှာ ခန့်မှန်းထားပါတယ်။ ကွင်းလယ်သမား ရာဘီရော့ကို ခေါ်နိုင်ဖို့အတွက် မန်ယူအသင်းဟာ လီဗာပူး၊ အာဆင်နယ်၊ ဘာစီလိုနာတို့နဲ့ ယှဉ်ပြိုင်ရဖွယ် ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up