Home
ရုပျသံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
February 14, 2019
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေ အ တွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။    မူဗီခရေဇီတွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ထူး ထူးခြားခြား Cyberpunk Action အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ Alita: Battle Angel !     ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီ 20th Century Fox က တင်ဆက် လိုက်တာဖြစ်ပြီး ထုတ်လုပ်သူကတော့ ပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ နာမည်ကြီး အော်စကာဆုရ ရုပ်ရှင်ကား Avatar ရဲ့ ဖန်တီးရှင် ဒါရိုက်တာ James Cameron ဖြစ်ပြီး အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Robert Rodriguez က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ် ပါတယ်။     ဒီရုပ်ရှင်ကားဟာ လွန်ခဲ့တဲ့ ၁၉၉၀ ပြည့်လွန်ကာလတွေက နာမည်ကြီးခဲ့တဲ့ ဂျပန် Manga ကာတွန်းဆရာ Yukito Kishiro ရဲ့ Cyberpunk Manga Series - Gunnm ကို ရုပ်ရှင်အဖြစ် ပုံဖော်ဖန်တီးလိုက်တာ ဖြစ်ပါတယ်။     ရာစုနှစ်ပေါင်းများစွာအကြာ အနာဂတ်ကာလကို အခြေတည်ရိုက်ကူးထားခဲ့တဲ့ ဒီ ရုပ်ရှင်ကားထဲမှာတော့ မှတ်ဥာဏ်တွေ ပျောက်ဆုံးနေတဲ့ Cyborg စက်ရုပ်မလေး Alita ရဲ့ အကြောင်းကို ရှုစားကြရမှာပါ။ ဒါဟာ ဘာကြောင့်ဖြစ်ရတာလဲ။ တခြားစွမ်းအားကြီး တဲ့ စက်ရုပ်လူသားတွေနဲ့ တိုက်ခိုက်ရင်ဆိုင်ရင်း သူ့ရဲ့ ဘ၀နောက်ကြောင်းရာဇ၀င်တွေ  ကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားချိန်မှာ ဘာတွေဖြစ်လာလိမ့်မလဲဆိုတာတွေကို ဒီရုပ်ရှင်ကား ထဲမှာ ရင်တထိတ်ထိတ်နဲ့ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။     ဘတ်ဂျတ်အမေရိကန်ဒေါ်လာ သန်း ၁၅၀ နဲ့ ၂၀၀ ကြား အကုန်အကျခံရိုက်ကူး ထားတဲ့ ဒီရုပ်ရှင်ကားဟာ Trailer နဲ့တင် နာမည်ကြီးနေခဲ့တာဖြစ်ပြီး IMDb မှာတော့ Rating 7.6 အထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။     ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ ဇာတ်ဝင်ခန်းတွေ၊ ပြောစ ကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော် တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါ တယ်။ ဒီရုပ်ရှင်ကားထဲက အဓိက ဇာတ်ကောင် Alita နေရာမှာတော့ အမေရိကန် သရုပ် ဆောင်မင်းသမီး Rosa Salazar က ခေါင်းဆောင်ပါဝင်ထားပြီး တခြား နာမည်ကြီး ဟောလိဝုဒ်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Christoph Waltz ၊ Jennifer Connelly ၊ Mahershala Ali စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။     ကြာမြင့်ချိန် ၁၂၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။     မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ဟောလိဝုဒ် အချစ်ဟာသရုပ်ရှင် ပရိသတ်အကြိုက် Isn’t It Romantic !     ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီတခုဖြစ်တဲ့ Warner Bros. Pictures က တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Todd Strauss-Schulson က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။     ဒီရုပ်ရှင်ကားကတော့ မကြာခင်ရောက်ရှိလာတော့မယ့် St. Valentine’s Day အ မီ ထွက်ရှိလာခဲ့တာဖြစ်ပြီး နာမည်ကြီး Pitch Perfect 2 ရုပ်ရှင်ကားနဲ့ မြန်မာပရိသတ် တွေ ရင်းနှီးကြပြီးဖြစ်တဲ့ သြစတေးလျရုပ်ရှင် သရုပ်ဆောင်မင်းသမီး Rebel Wilson က ခေါင်းဆောင်ပါဝင်ထားခဲ့တာပါ။ ဒီဇာတ်လမ်းထဲမှာ သူက နယူးယောက်မြို့မှာ အလုပ် လုပ်နေတဲ့ Natalie ဆိုတဲ့ ဗိသုကာပညာရှင်ကောင်မလေးတယောက်နေရာက ပါဝင် ထားပြီး ဘယ်လိုအလွဲအချော်တွေ၊ အချစ်ဟာသဆန်ဆန် ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ရိုက်ကူးထားမလဲ ဆိုတာကိုတော့ မကြာခင်မှာ ပရိသတ်တွေက ရှုစားကြရ တော့မှာ ဖြစ်ပါတယ်။     Rebel Wilson ဟာ သရုပ်ဆောင်ထူးချွန်ဆုတွေလည်း အများကြီးရရှိထားခဲ့တဲ့ မင်းသမီးတဦးဖြစ်ပြီး ဒီကားထဲမှာတော့ သူနဲ့အတူ တခြားနာမည်ကြီးဟောလိဝုဒ် သရုပ် ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Liam Hemsworth ၊ Adam DeVine ၊ ဘောလိဝုဒ်သရုပ်ဆောင်မင်းသမီး Priyanka Chopra တို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။     ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။     ကြာမြင့်ချိန် ၈၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက် နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။        မူဗီခရေဇီတွေကို ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ မြန်မာရုပ်ရှင် ပရိသတ်တွေအတွက် ချစ်ခြင်းကို မခွဲပါနဲ့ !     ဒီကားကိုတော့ စိန်ရတနာ ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်တာ ဖြစ်ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ ရွှေပြည်ကတုံးက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။     ဒီရုပ်ရှင်ကားထဲမှာတော့ သရုပ်ဆောင်မင်းသား အားသစ်နဲ့အတူ ၀ါရင့်သရုပ် ဆောင် မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ ရန်အောင်၊ ထွန်းအိန္ဒြာဗို၊ အိချောပို၊ နေဆန်းတို့ နဲ့ တခြားသရုပ်ဆောင်တွေ အများကြီးက  ပါဝင်ထားခဲ့ကြတာ ဖြစ်ပြီး ဘယ်လိုအချစ်ဟာ သဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ဖန်တီးထားမလဲဆိုတာကိုတော့ မကြာခင်မှာ ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။     ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇန်န၀ါရီလ ၁၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။    နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ သွေးပျက်ထိတ်လန့် စရာကောင်းတဲ့ စိတ္တဇဆန်ဆန် Horror, Mystery, Thriller အမျိုးအစား ရုပ်ရှင်ပရိသတ် တွေအကြိုက် Happy Death Day 2U !     နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီ Universal Pictures က တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင် ကားကိုတော့ အမေရိကန်ရုပ်ရှင် ဒါရိုက်တာ Christopher Landon က ရိုက်ကူးပုံဖော် ပေးထားတာ ဖြစ်ပါတယ်။     ကောလိပ်ကျောင်းသူတဦးဖြစ်တဲ့ Tree Gelbman ဟာ ဘ၀ကို ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းနေရာကနေ တချိန်က အိပ်မက်လိုလို ကြုံတွေ့ခဲ့ရတဲ့ မွေးနေ့တရက်ဆီ ပြန် ရောက်သွားချိန်မှာ ဘာတွေ ဖြစ်လာမလဲ။ ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ မျက်နှာဖုံးစွပ် လူသတ်သမားတယောက်ရဲ့ အန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့ရချိန်မှာ ဘယ်လိုသွေးပျက် ထိတ်လန့်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရ မှာပါ။     ဒီရုပ်ရှင်ကားထဲမှာတော့ နာမည်ကြီး La La Land ရုပ်ရှင်ကားထဲမှာ ပါဝင်ခဲ့တဲ့ အမေရိကန် သရုပ်ဆောင်မင်းသမီး Jessica Rothe က Tree Gelbman အနေနဲ့ ခေါင်းဆောင်ပါဝင်ထားပြီး တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ Israel Broussard ၊ Phi Vu ၊ Suraj Sharma ၊ Sarah Yarkin ၊ Ruby Modine တို့ကလည်း ပါဝင်သရုပ်ဆောင် ထားခဲ့ကြတာ ဖြစ်ပါတယ်။     ဒီကားထဲမှာ ပါဝင်တဲ့ သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေ၊ ပြ ကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ် တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13  အဆင့် သတ်မှတ်ထားပါတယ်။     ကြာမြင့်ချိန် မိနစ် ၁၀၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျတ် ၉ သန်း အကုန်အ ကျခံရိုက်ကူးထားတာ ဖြစ်ပါတယ်။     ဒီကားကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။     မူဗီခရေဇီတွေကို နောက်ဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ထူးထူးခြားခြား မြန်မာရုပ်ရှင်ကားတကားဖြစ်တဲ့ မနောမြေမှ ကျောက်စိမ်းကမ္ဘာ !     ဒီရုပ်ရှင်ကားကိုတော့ မွန်းမြန်မာမီဒီယာက ထုတ်လုပ်တင်ဆက်လိုက်တာဖြစ်ပြီး ကချင်ရုပ်ရှင်ဒါရိုက်တာ JZ ဒေါင်လွမ်းက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။   ဒီရုပ်ရှင်ကားထဲမှာတော့ ခက်ခဲကြမ်းတမ်းလှတဲ့ ကျောက်တူးသမားတွေရဲ့ ဘ၀တွေ၊ ကျောက်စိမ်းတွေ ထွက်ရှိရာ ဖားကန့်မှော်ထဲက အခြေအနေတွေနဲ့အတူ လှပတဲ့ ရေခဲဖုံး တောင်တန်းတွေဆီပါ ခက်ခက်ခဲခဲ သွားရောက်ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ အထူးဆုရရှိ ထားတဲ့ ရုပ်ရှင်ကား ဖြစ်ပါတယ်။     ဒီကားထဲမှာတော့ ကချင်တိုင်းရင်းသား သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ JZ ဒေါင် လွမ်း၊ M ဆိုင်းနော်၊ G တိန့်ဆောင်၊ စွမ်စွမ်ပန်၊ ဂျာဆိုင်းအိန်နဲ့ တခြားသရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။     ကချင်တိုင်းရင်းသားဘာသာစကား အသုံးပြုရိုက်ကူးထားခဲ့တဲ့ ဒီရုပ်ရှင်ကားကို မြန်မာလို စာတန်းထိုးပေးထားတာ ဖြစ်ပါတယ်။     ဒီကားကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာမို့ ရုပ် ရှင်ချစ်ပရိသတ်တွေကို သွားရောက်ကြည့်ရှုနိုင်ဖို့ သတင်းကောင်းပါးလိုက်ရပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၃၀ နာရီ မှာ ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉.၃၀ နာ ရီစနေနေ့ နေ့လည် ၁၂.၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉.၁၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီး တော့ အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024