ဘယ်အဆင်းမဆို အနိုင်ယူနိုင်စွမ်းရှိဟု စပါးနောက်ခံလူပြော

ဥရောပက ဘယ်အသင်းမဆို အနိုင်ယူနိုင်စွမ်းရှိတယ်လို့ စပါးနောက်ခံလူ ဗာတွန်ဂန်က ကြုံးဝါးပြောဆိုလိုက်ပါတယ်။ စပါးအသင်းဟာ ဒီကနေ့ညမှာ ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မတိုင်ခင်မှာ ဘယ်အသင်းမဆိုအနိုင်ယူစွမ်းရှိတယ်လို့  ဗာတွန်ဂန်က ပြောကြားလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ရလဒ်ကိုပြန်ကြည့်မယ်ဆိုရင် ရီးရဲလ်မက်ဒရစ်လို ချန်ပီယံအသင်းနဲ့ ပွဲစဉ်နှစ်ပွဲမှာ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီး အခုနှစ်ပြိုင်ပွဲမှာ ပိုကောင်းတဲ့ ခြေစွမ်းပြသနိုင်တယ်လို့ ဗာတွန်ဂန်က ဆိုပါတယ်။ စပါးအသင်းမှာ ဘယ်နောက်ခံလူတွေ ဖြစ်တဲ့ ဒယ်နီရို့စ်နဲ့ ဘင်ဒေးဗီးစ် တို့ မပါဝင်နိုင်ပေမယ့် အသင်းအတွက် လိုအပ်မယ်ဆိုရင် အဲဒီနေရာတွေမှာ ကစားပေးနိုင်တယ်လို့လည်း ဗဟိုနောက်ခံလူ ဗာတွန်ဂန်က ပြောကြားသွားခဲ့ပါတယ်။ စပါးအသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးရဲလ်၊ ဘာစီလိုနာနဲ့ ဂျူဗင်တပ်အသင်းတွေကို ခြေစွမ်းအသာစီးရအောင် ကစားနိုင်ခဲ့ဖူးတာကြောင့် အခုနှစ်ပြိုင်ပွဲမှာတော့ ၂၀၁၁ နောက်ပိုင်း ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်တက်ဖို့ နောက်ခံလူ ဗာတွန်ဂန်က မျှော်လင့်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up