ကချင်ဒေသအလှအပနှင့် ဘ၀ပုံရိပ်များရှုစားရမည့် ‘မနောမြေမှကျောက်စိမ်းကမ္ဘာ’ရုပ်ရှင် (နမူနာ)
DVB
·
February 13, 2019
ကချင်ဒေသအလှအပတွေနဲ့ ကျောက်တူးသမားတွေရဲ့ ဘ၀ပုံရိပ်တွေကို ထူးထူးခြားခြား ရိုက်ကူးတင်ဆက်ထားတဲ့ မြန်မာရုပ်ရှင်ကားတကားဖြစ်တဲ့ မနောမြေမှ ကျောက်စိမ်းကမ္ဘာ ရုပ်ရှင်ကို ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားကိုတော့ မွန်းမြန်မာမီဒီယာက ထုတ်လုပ်တင်ဆက်လိုက်တာဖြစ်ပြီး ကချင်ရုပ်ရှင်ဒါရိုက်တာ JZ ဒေါင်လွမ်းက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားထဲမှာတော့ ခက်ခဲကြမ်းတမ်းလှတဲ့ ကျောက်တူးသမားတွေရဲ့ ဘ၀တွေ၊ ကျောက်စိမ်းတွေ ထွက်ရှိရာ ဖားကန့်မှော်ထဲက အခြေအနေတွေနဲ့အတူ လှပတဲ့ ရေခဲဖုံးတောင် တန်းတွေဆီပါ ခက်ခက်ခဲခဲ သွားရောက်ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ အထူးဆုရရှိ ထားတဲ့ ရုပ်ရှင်ကား ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ ကချင်တိုင်းရင်းသား သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ JZ ဒေါင် လွမ်း၊ M ဆိုင်းနော်၊ G တိန့်ဆောင်၊ စွမ်စွမ်ပန်၊ ဂျာဆိုင်းအိန်နဲ့ တခြားသရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။
ကချင်တိုင်းရင်းသားဘာသာစကား အသုံးပြုရိုက်ကူးထားခဲ့တဲ့ ဒီရုပ်ရှင်ကားကို မြန်မာလို စာတန်းထိုးပေးထားတာ ဖြစ်ပါတယ်။
ဒီကားကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာမို့ ရုပ် ရှင်ချစ်ပရိသတ်တွေကို သွားရောက်ကြည့်ရှုနိုင်ဖို့ သတင်းကောင်းပါးလိုက်ရပါတယ်။