မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပထမအဆင့်ပွဲစဉ်မှာ ရိုးမားက အိမ်ကွင်းမှာ ပေါ်တိုကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ရိုးမားအတွက် အနိုင်ဂိုးတွေကို ဒုတိယပိုင်း မိနစ် ၇၀ နဲ့ ၇၆ မိနစ်မှာ ဆယ်ကျော်သက် ကွင်းလယ်သမား ဇေနီယိုလိုတဦးတည်းက သွင်းယူပါတယ်။
ပေါ်တိုအတွက် ချေပဂိုးကို ၇၉ မိနစ်မှာ လိုပက်ဇ်က သွင်းယူပါတယ်။ ဒီပွဲမှာ ပေါ်တိုအသင်းက ဘောလုံး ပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် အိမ်ရှင် ရိုးမားက ဂိုးပေါက် ခြိမ်းခြောက်မှုတွေ ပိုလုပ်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ရိုးမား ဆက်ကျော်သက် ကွင်းလယ်သမား ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲနိုင်တဲ့ ရိုးမားက နောက်တဆင့် တက်ရေးအတွက် မျှော်လင့်ချက်တွေ ရှိသွားပါတယ်။
ဒုတိယအကျော့ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်ကို ရိုးမားဟာ အဝေးကွင်းမှာ လာမယ့် မတ်လ ၆ ရက်နေ့မှာ သွားရောက် ယှဉ်ပြိုင်ရမှာပါ။