Home
မြန်မာသတင်း
ထွေအုပ်ရုံး အမှတ်တံဆိပ်နှင့် ၀န်ထမ်းဝတ်စုံပြောင်းလဲမည်
အောင်ကိုကိုလတ် (နေပြည်တော်)
·
February 12, 2019
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်မှု အသွင်သဏ္ဍာန်နဲ့ အနှစ်သာရ ပြောင်းလဲမှုတွေကို စတင်ဆောင်ရွက်နေပြီး ၀န်ကြီးဌာနရဲ့ အမှတ်တံဆိပ်နဲ့ ၀န်ထမ်းတွေရဲ့ ၀တ်စုံ တွေကနေ စတင်ပြောင်းလဲသွားမယ်လို့ သိရပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးရဲ့ ဒုဝန်ကြီး ဦးတင်မြင့်က “အားကိုးရတဲ့ ဌာနဖြစ်အောင်၊ ပြည်သူအပေါ်မှာ အလုပ်အကျွေးပြုနိုင်တဲ့ ဌာနဖြစ်အောင်၊ ပြုပြင်ပြောင်းလဲသွားဖို့ ကျနော်တို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူကိုယ်တိုင် စီစဉ်ဆောင်ရွက်နေပါတယ်”လို့ ပြောပါတယ်။ အဲ့ဒီဦးစီးဌာနရဲ့ အမှတ်တံဆိပ်ကိုတော့ နိုင်ငံတော်သမ္မတက အတည်ပြု ခွင့်ပြုချက်နဲ့ တံဆိပ်အောက်ခံအရောင်ကို အနီရောင်ထားရှိမှာဖြစ်ပြီး အဲ့ဒီအပေါ်ကမှ အထွေထွေအုပ်ချုပ်ရေး ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနဆိုပြီး ပါရှိမှာဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးရဲ့ ဒုဝန်ကြီး ဦးတင်မြင့်က ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့  (၇၂ ) မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအပြီးမှာ သတင်းမီဒီယာတွေကို ဖြေကြားခဲ့တာပါ။ ထွေ/အုပ် စီးဦးဌာနဟာ အရင်က ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိခဲ့တာဖြစ်ပြီး ၂၀၁၈ ဒီဇင်ဘာ ၂၈ ရက်က စတင်ပြီးတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး လက်အောက်ကို လွှဲပြောင်း ထားရှိခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024