ဂျပန်တက္ကသိုလ်အသင်းကို မြန်မာအသင်း ၁-၀ ဂိုးဖြင့် ရှုံးနိမ့်

ဂျပန်တက္ကသိုလ်လက်ေရွးစင်အသင်းနဲ့ ြမန်မာလက်ေရွးစင်အသင်း ယှဉ်ြပိုင်ကစားစဉ်
ဂျပန်တက္ကသိုလ်လက်ရွေးစင်အသင်းနဲ့ မြန်မာလက်ရွေးစင်အသင်း ဒီနေ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရာမှာ မြန်မာအသင်းက ၁-၀ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ အရှေ့တောင်အာရှ ဆူဇူးကီးပွဲ မတိုင်ခင် ခြေစမ်းလေ့ကျင့်မှု အနေနဲ့ မြန်မာ့လက်ရွေးစင်ဘောလုံး အသင်းဟာ ဂျပန်တက္ကသိုလ် လက်ရွေးစင်အသင်းနဲ့ ဂျပန်နိုင်ငံ အိုဆာကာမြို့ ဂျေဂရင်းကွင်းမှာ ညနေ ၄ နာရီက ယှဉ်ပြိုင်ကစားခဲ့တာပါ။ [caption id="attachment_31311" align="alignright" width="300" caption="ဂျပန်တက္ကသိုလ်လက်ရွေးစင်အသင်းနဲ့ မြန်မာလက်ရွေးစင်အသင်း ယှဉ်ပြိုင်ကစားစဉ်"][/caption] ပထမပိုင်း ၁၃ မိနစ်မှာ ဂျပန်အသင်းရဲ့ ကျောနံပါတ် ၇ က မြန်မာအသင်းရဲ့ ဘောလုံး အပေးအမှားကို အခွင့်ယူပြီး ပထမဂိုး စတင်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ ဂိုးသွင်းခံရပြီးနောက်ပိုင်း အချိတ်အဆက်မိမိနဲ့ ဂျပန်အသင်းဘက်ကို ဖိကစားပြီး ဂိုးသွင်းခွင့် အကြိမ်ကြိမ်ရခဲ့ပေမယ့် ပွဲချိန်ပြီးဆုံးချိန်ထိ ဂိုးမသွင်းနိုင်ခဲ့ပေ။ ဂျပန်အသင်း ၃ သင်းနဲ့ ခြေစမ်းပွဲ ကစားခဲ့တဲ့ မြန်မာလက်ရွေးစင်အသင်းဟာ အပေးအယူ ပိုမိုမြန်လာပြီး အချိတ်အဆက် ကောင်းလာတယ်လို့ မြန်မာအသင်းမန်နေဂျာ ဦးသန်းတိုးအောင် က ပြောဆိုခဲ့ပါတယ်။ စက်တင်ဘာလ ၂၇ ရက်နေ့မှာ Vissel Kobe U-18 အသင်းနဲ့ ကစားပြီး ဂျပန်နိုင်ငံကနေ ၂၉ ရက်နေ့ မနက်ပိုင်းမှာ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ မိုးဝင်း၊ သိန်းသန်းဝင်း၊ ရန်အောင်ဝင်း၊ ရာဇာဝင်းသိန်း၊ ရန်အောင်ကျော်၊ ဒေးဗစ်ထန်း၊ ကောင်းစည်သူ၊ ကျော်ဇေယျာဝင်း၊ ကြည်လင်း၊ ဇော်မင်းထွန်းနဲ့ (ဂိုး) သီဟစည်သူတို့ ပါဝင်ကစားခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up