မန်ယူနှင့်အတူ ချန်ပီယံလိဂ်ဖလားရယူလိုဟု ဆန်းချက်ဇ်ပြော

1.4K
မန်ယူအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားရယူဖို့က အိပ်မက်တခုဖြစ်တယ်လို့ တောင်ပံကစားသမား ဆန်းချက်ဇ်က ပြောကြားလိုက်ပါတယ်။
ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့က ကစားသမားတိုင်းအတွက်လည်း အိပ်မက်တခုဖြစ်ပြီး မန်ယူအသင်းနဲ့လည်း ရယူသွားလိုတယ်လို့ ဆန်းချက်ဇ်ကပြောပါတယ်။
ဆန်းချက်ဇ်ဟာ ဘာစီလိုနာအသင်းမှာလည်း ချန်ပီယံလိဂ်ဆုဖလား ကိုင်မြှောက်နိုင်ခဲ့ခြင်းမရှိသလို အာဆင်နယ်အသင်းမှာလည်း ဆုဖလားနဲ့လွဲချော်ခဲ့ပါတယ်။
မန်ယူအသင်းနဲ့ ချန်ပီယလိဂ်ဖလားရဖို့က မဖြစ်နိုင်တဲ့ အရာမဟုတ် ဘူးလို့လည်း ဆန်းချက်ဇ်က ပြောကြားခဲ့ပါတယ်။
ပီအက်စ်ဂျီနဲ့ပွဲမှာ အနိုင်ရခဲ့ပြီး ဂိုးမပေးခဲ့ရရင် နောက်တဆင့်တက်ဖို့ ရေပန်းစားလာမှာဖြစ်ပြီး အသင်းအတွက် ကြီးမားတဲ့ စမ်းသပ်မှုတခုဖြစ်လိမ့်မယ်လို့ ဆန်းချက်ဇ်က ပြောပါတယ်။
မန်ယူအသင်းဟာ အဓိက ပြိုင်ဘက်အသင်တွေကို အနိုင်ရယူဖူးတဲ့ အစဉ်အလာရှိ အသင်းဖြစ်သလို ပီအက်စ်ဂျီအသင်းကို ကျော်ဖြတ်နိုင်ဖို့လည်း ဆန်းချက်ဇ်က မျှော်လင့်ထားပါတယ်။