Home
မြန်မာသတင်း
လူမျိုးကြီးဝါဒကို ဆန့်ကျင်ရန် အန်အယ်လ်ဒီ တိုက်တွန်း
ပြည့်ဘုန်းအောင်
·
February 12, 2019
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးမူဝါဒနဲ့ သဘောထားတွေဟာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို အခြေခံထားတဲ ညီညွတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရရှိရေးတို့ ဖြစ်တာကြောင့် လူမျိုးကြီးဝါဒနဲ့ အမြင်ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒတွေကို ဆန့်ကျင်ရမယ်လို့ အန်အယ်လ်ဒီပါတီက ပြောကြားလိုက်ပါတယ်။ ဒီကနေ့ ​ဖေဖော်ဝါရီ ၁၂ ရက် ၇၂ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအထိမ်းအမှတ် အနေနဲ့ ရန်ကုန်မြို့ အန်အယ်လ်ဒီရုံးချုပ်မှာ ပြုလုပ်တဲ့အခမ်းအနားမှာ ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ရဲ့သဘောထားကို ထုတ်ပြန်ရာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။ ပါတီ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက “တိုင်းရင်းသားလူမျိုးစုတွေရဲ့ သမိုင်းဆိုင်ရာ ပကတိအခြေအနေတွေကို ဆန္ဒစွဲ၊ လူမျိုးစွဲကင်းပြီး ဓမ္မဓိဌာန်ကျကျနဲ့ သုံးသပ်ပြီး လက်တွေ့အကောင်အထည်ဖော်ရာမှာ လူမျိုးကြီးဝါဒနဲ့ အမြင်ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒတွေကို ဆန့်ကျင်ရမယ်”လို့ ဆိုပါတယ်။ ဒါ့အပြင် အန်အယ်လ်ဒီ အစိုးရအနေနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးကို အေးအတူပူအမျှ ညီညာ သွေးစည်းမှုနဲ့ ဥမကွဲသိုက်မပျက် ချီတက်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024