ပရီးမီးယားလိဂ်ချန်ပီယံဆု မန်စီးတီး ရေပန်းစားဟု ဂယ်ရီနဗီးလ်ပြော

ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားနဲ့ ပတ်သက်ပြီး မန်စီးတီးက ရေပန်းအစားဆုံး အသင်းဖြစ်တယ်လို့ မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကပြောကြားသွားပါတယ်။ ပွဲစဉ် ၂၇ ပွဲအပြီးမှာ မန်စီးတီးက တပွဲပိုကစားပြီး လီဗာပူးနဲ့ ရမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ချဲလ်ဆီးနဲ့ပွဲမှာ သူတို့ရဲ့အဆင့်အတန်းကိုပြသွားခဲ့ပြီး ပွဲစဉ်တိုင်းမှာ အဲဒီ လို ခြေစွမ်း ထိန်းထားနိုင်ဖို့ လိုမယ်လို့ နဗီးလ်က ဆိုပါတယ်။ လီဗာပူးအသင်းဟာလည်း အသင်းကောင်းတသင်းဖြစ်ပြီး မန်စီးတီးအတွက် အဓိက ပြိုင်ဘက်ဖြစ်တယ်လို့ ဆက်ပြောပါတယ်။ ချန်ပီယံဆုရဖိှု့က ခြေစွမ်းကောင်းဖို့တင်မဟုတ်ဘဲ ဖိအားတွေရှိတယ်ဆိုတာ မန်ယူအသင်းနဲ့ ပထမဆုံး ဖလားရယူခဲ့တုန်းက သိမြင်ခဲ့ပြီး လီဗာပူအသင်းအနေနဲ့လည်း ဆုဖလားမရတာကြာပြီဖြစ်လို့ ဖိအားတွေရှိနေတယ်လို့ နဗီးလ်ကဆိုပါတယ်။ ဒါ့အပြင် စပါးအသင်းဟာလည်း ချီးကျူးမှုနဲ့ ထိုက်တန်တဲ့အသင်းဖြစ်ပြီး လက်ကျန်ပွဲမှာ အနိုင်ရရင် မန်စီးတီးနဲ့ ၂ မှတ်ပဲ ကွာဟတော့မှာဖြစ်လို့ အခွင့်အရေးရှိသေးတယ်လို့ နဗီးလ်က သုံးသပ်ပြောကြားသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up