Home
မြန်မာသတင်း
စစ်တွေမြို့ ဓညဝတီအားကစားကွင်းတွင် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပ
DVB
·
February 12, 2019
ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၇၂ နှစ်​မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ရခိုင်ပြည်နယ် စစ်တွေမြို့ ဓညဝတီအားကစားကွင်းမှာ ကျင်းပပါတယ်။ အခမ်းအနားမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက နိုင်ငံတော်သမ္မတကပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။ ဒီအခမ်းအနားကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ ပြည်နယ်လွှတ်တာ် ဒု-ဥက္ကဌ ဦးမြသန်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေ၊ နိုင်ငံရေးပါတီကတာဝန်ရှိသူတွေနဲ့ ရခိုင်တိုင်းရင်းသားမျိုး နွယ်စုဝင်တွေ တက်ရောက်ပါတယ်။ ၀ဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024