မာရှယ်က စီရော်နယ်ဒိုလိုအဆင့် ရောက်လာနိုင်ဟု ဆိုးလ်ရှားပြော

မာရှယ်ဟာ စီရော်နယ်ဒိုရဲ့အဆင့်ကို ရောက်လာနိုင်တဲ့ အရည်အချင်းရှိသူ ဖြစ်တယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှားက ချီးကျူးလိုက်ပါတယ်။ မာရှယ်ဟာ ပြီးခဲ့တဲ့တပတ်က ကစားခဲ့တဲ့ ဖူဟမ်နဲ့ပွဲစဉ်မှာ အနိုင်ဂိုးတဂိုး သွင်းယူနိုင်ခဲ့တာကို ဆိုးရှားလ်က ချီးကျူးသွားခဲ့တာပါ။ မာရှယ်အနေနဲ့ စီရော်နယ်ဒိုရဲ့ ခြေရာကို မီဖို့အတွက် သူဘာလုပ်ရမလဲဆိုတာ သိပြီး  မီအောင်လုပ်နိုင်တဲ့ အရည်အချင်းလည်း ရှိနေတယ်လို့ ဆိုးလ်ရှားက ချီးကျူးသွားခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားဟာ ကစားသမားဘ၀တုန်းက စီရော်နယ်ဒိုနဲ့ မန်ယူအသင်းမှာ အတူတွဲ ကစားခဲ့ဖူးပါတယ်။ မာရှယ်ဟာ အခုနှစ်ဘောလုံးရာသီမှာ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ၂၇ ပွဲကစားပြီး ၁၁ ဂိုး သွင်းယူထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up