ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရန် မန်ယူ စီစဉ်နေ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ နော်ဝေနိုင်ငံသား ဆိုးလ်ရှားကို မန်ယူအသင်းက ရာသီကုန်အထိ ယာယီနည်းပြအနေနဲ့  ခန့်အပ်ခဲ့တာဖြစ်ပေမယ့် သူကိုင်တွယ်ခဲ့တဲ့ ၁၁ ပွဲမှာ ၁၀ပွဲအထိ အနိုင်ရခဲ့တာကြောင့် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ စီစဉ်နေတာလို့ ဆိုပါတယ်။ သည်ဆန်းသတင်းစာရဲ့ အဆိုအရ မန်ယူအသင်းဘုတ်အဖွဲ့ဟာ မကြာခင် အစည်းအဝေးထိုင်ပြီး ဆိုးလ်ရှားရဲ့ အနာဂတ်ကို ဆုံးဖြတ်မယ်လို့ သိရပါတယ်။ ဒါပေမယ့် ရာသီကုန်အထိတော့ အမြဲတမ်းနည်းပြ ခန့် မခန့်ဆိုတာကို တရားဝင်ကြေညာသွားမှာ မဟုတ်ဘူးလို့ဆိုပါတယ်။ အသင်းပူးတွဲပိုင်ရှင် အက်ဗ်ဟန်ဂလေဇာဟာ ဖူဟမ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲအပြီးမှာ အ၀တ်လဲခန်းအထိ လာရောက်ပြီး ဆိုးလ်ရှားနဲ့အသင်းသားတွေကို ချီးကျူးခဲ့တယ်လို့ သိရပါတယ်။ မန်ယူအသင်းဟာ ဆိုးလ်ရှားလက်ထက်မှာ အခုနှစ်ရာသီအတွင်း ပထမဆုံးအကြိမ် အဆင့်အမြင့်ဆုံး ရပ်တည်မူအဖြစ် အဆင့်လေးနေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up