မန်ယူနှင့်မန်စီးတီး အက်ဖ်အေ ကွာတားဖိုင်နယ်တက်ပါက ဒါဘီပွဲစဉ် ရွှေ့ဆိုင်းဖွယ်ရှိ

မန်ချက်စတာယူနိုက်တက်သို့မဟုတ် မန်စီးတီးအသင်းသာ အက်ဖ်အေဖလားမှာ နောက်တဆင့်တက်ရောက်နိုင်ခဲ့မယ်ဆိုရင် မတ်လ ၁၆ ရက်နေ့အိုးထရက်ဖိုဒ့်မှာ ကစားမယ့် ဒါဘီပွဲစဉ်ကို ရက်ရွှေ့ဆိုင်းရဖွယ်ရှိနေပါတယ်။ လက်ရှိ ယူနိုက်တက်အသင်းဟာ အာဆင်နယ်ကိုအနိုင်ရရှိပြီး လာမယ့် ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ချဲလ်ဆီးနဲ့ ထိပ်တိုက်တွေ့ဆုံနေသလို မန်စီးတီးကတော့ နယူးပိုတ့်ကောင်တီအသင်းနဲ့ တွေ့ဆုံနေခဲ့ပါတယ်။ တကယ်လို့ နှစ်သင်းထဲက တသင်းသာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့ရင် ဒါဘီပွဲစဉ်ကို ရက်ရွှေ့ရဖွယ်ရှိနေပါတယ်။ လက်တလောမှာတော့ မန်စီးတီးအသင်းဟာ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ချဲလ်ဆီးနဲ့ ခရာဘောင်ဖလား ဗိုလ်လုပွဲကစားရဖို့ရှိနေပါတယ်။ ဖလား ၃ လုံးလမ်းကြောင်းပေါ်မှာ ရှိနေတဲ့ မန်စီးတီးအသင်းကတော့ လာမယ့် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ရှော်ကေးအသင်းနဲ့ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ် ကစားဖို့ရှိနေသလို မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဖေဖော်ဝါရီ ၁၃ က်နေ့မှာ ပီအက်စ်ဂျီအသင်းနဲ့ ကစားရဖို့ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up