Home
မြန်မာသတင်း
မာန်အောင်မြို့နယ်တွင် ဆင်ပြောင်သင်္ဘောနစ်မြုပ်၊ ၁၉ ဦး ပျောက်ဆုံးနေ
DVB
·
February 11, 2019
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ်၊ ဇီးတောကျေးရွာအနီးရှိ မီးပြတိုက်ကိုပြုပြင်ဖို့ ရောက်ရှိနေတဲ့ ဆင်ပြောင်အမည်ရှိ သင်္ဘောတစီး ဒီကနေ့ ​ဖေ​ဖော်​၀ါရီ ၁၁ ရက်​​ မနက်​ ၄ နာရီလောက်က နစ်မြုပ်ပြီး သင်္ဘောသား ၁၉ ဦး ပျောက်ဆုံးနေပါတယ်။ ​ပျောက်​ဆုံးနေသူတွေကို ရှာ​ဖွေကူညီကယ်​ဆယ်​​ပေးနေသူတဦးက “အခု ရှာ​နေကြပါတယ်။ မာန်အောင်မြို့နယ်က မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရေတပ်အပါအဝင် ဌာနဆိုင်ရာအကြီးအကဲတွေပါ ရှာ​ဖွေတာတွေ ပြု​နေကြပါတယ်​။”လို့ ပြောပါတယ်။ သင်္ဘောပေါ်မှာ လူ ၂၆ ဦးလိုက်ပါသွားတဲ့အနက်  ၇ ဦးသာ မီးပြတိုက်ဆီ ပြန်ရောက်လာတယ်လို့ လည်း ပြောပါတယ်​။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် သင်္ဘောနစ်မြုပ်မှုနဲ့ ပတ်သက်ပြီး အခြေအနေ အသေးစိတ်သိရဖို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။ ဇီးတောကမ်းခြေနဲ့ ၄ မိုင်ခန့်အကွာ လက်ဖက်ကျွန်းမီးပြတိုက်သို့ ပြုပြင်ရန်လာရောက်တဲ့ "ဆင်ပြောင်”သဘောင်္နစ်မြုပ်မှုကို မာန်အောင်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ သတင်း - ဗညား၊ ဓာတ်ပုံ - Rakhine Fire Force
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024